Pages

Friday, August 16, 2013

အပေါ့အပါးသွားစဉ် ဓာတ်လိုက်သေဆုံး



သြဂုတ်လ(၁၆)ရက်

သြဂုတ်လ ၁၄ ရက်နေ့ မရမ်းကုန်းမြို့နယ် (၁)ရက်ကွက်ရှိ ဘုရင့်နောင်ပွဲရုံဝင်း ရွှေလက်ျာ စားသောက်ဆိုင်၌ ည ၉ နာရီခန့်တွင် အမည်မသိ အမျိုးသားတစ်ဦး ဆိုင်အနောက်ဖက် အပေါ့သွားနေစဉ် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲဌာမှ သိရသည်။

သေဆုံးသူ အမျိုးသားသည် ရွှေလက်ျာ စားသောက်ဆိုင်တွင် လာရောက်စားသောက်ပြီး စားသောက်ဆိုင်၏ အနောက်သို့ အပေါ့အပါးသွားစဉ် ဆိုင်အနောက်တွင်ရှိသော အဲယားကွန်းအောက်ဒိုး (အပြင်လေစုပ်စက်) အား ကိုင်မိကာ ဓာတ်လိုက်၍ ရေမြောင်အတွင်းသို့ ပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား ဓမ္မတာအတိုင်း သေဆုံးမှုဟုတ်မဟုတ်အား စစ်ဆေးနိုင်ရန်အတွက် ဒုရဲအုပ် တင်နိုင်ဇော်မှ တရားလိုပြုတိုင်တန်းမှုအား ဘုရင့်နောင် မြို့နယ်ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၁/၁၃ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

myanma age

No comments:

Post a Comment