Pages

Thursday, August 29, 2013

မစ္စတာ နမ်ဗီးယား ကေအိုင်အို ထိန်းချုပ်နယ်မြေသို့ သွားရောက်ခွင့်ရ

29.8.2013

ကုလထွေချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာနမ်ဗီးယား အား ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်းသို့ သွားရောက်ခွင့် ကို ပြည်ထောင်စု အစိုးရ အဖွဲ့က ပထမဦးဆုံးခွင့်ပြုပေးလိုက်သည်။

မစ္စတာနမ်ဗီးယားသည် သြဂုတ် ၂၇ ရက်နေ့တွင် မြစ်ကြီးနားသို့ ရောက် ရှိခဲ့ပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များအပါအဝင် မြစ်ကြီးနားရှိ စစ်ရှောင်ပြည် သူများ နှင့်ပါ သွားရောက်တွေ့ဆုံကာ သြဂုတ် ၂၈ ရက်တွင်လိုင်ဇာသို့ ထွက်ခွာမည်ဟု ကချင်ပြည်နယ်အစိုးရက အတည်ပြုပြောသည်။

”ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုပြီးပြီဆိုမှတော့ ပြည်နယ်အစိုးရအဖွဲ့ ကလည်း မစ္စတာနမ်ဗီးယားရဲ့ ခရီးစဉ်အပေါ် ကန့်ကွက်ဖို့မရှိဘူး” ဟု ပြည်နယ်ဝန်ကြီး တစ်ဦးက ဆိုသည်။

မစ္စတာနမ်ဗီးယား၏ ယခုခရီးစဉ်သည် အလုပ်သဘောခရီးစဉ် တစ်ခုဖြစ်သည်။ မြစ်ကြီးနား၌ ပထမဦးဆုံးပြုလုပ်သည့် အစိုးရနှင့်ကေအိုင်အို တို့၏ ဆွေးနွေးပွဲမစတင် မီလိုင်ဇာသို့ မစ္စတာနမ်ဗီးယား သွားရောက်ခဲ့ဖူးကြောင်း ၄င်းကဆိုသည်။

မစ္စတာနမ်ဗီးယားအနေဖြင့် လိုင်ဇာခရီးစဉ်ကိုသတင်းထုတ်ပြန်မှု မပြုသေး သည့်အပြင် ကေအိုင်အိုဘက်ကလည်း တစ်စုံတစ်ရာ သတင်း ထုတ် ပြန်မှုမပြုခဲ့ပေ။

မစ္စတာနမ်ဗီးယားက လိုင်ဇာသို့ မထွက်ခွာမီ မြစ်ကြီးနားရှိ ကေအိုင်အို၏ နည်းပညာအထောက်အကူပြု အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ ယခု မြစ်ကြီးနား ခရီးစဉ် သည် မစ္စတာ နမ်ဗီးယား၏ ၃ ကြိမ်မြောက် ခရီးစဉ်တစ်ခုဖြစ် သည်။ ကေအိုင်အိုနှင့် မြန်မာအစိုးရတို့ နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှုကို အလွတ် သဘောအပါအဝင် ၁ဝ ကြိမ်နှင့်အထက် ဆွေးနွေးခဲ့ပြီး သဘောတူညီမှု အချို့ရရှိပြီး နောက် ယခုကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့က မစ္စတာနမ်ဗီးယားကို လိုင်ဇာသို့ သွားခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

Popular

No comments:

Post a Comment