ချွေးမကို တရုတ်တွင်ရောင်းစားသူအား ယောက္ခမကအမှုဖွင့်
သြဂုတ်လ(၁၃)ရက်
ချွေးမဖြစ်သူကို တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားလိုက်သူအား ယောက္ခမကအမှုဖွင့်တိုင်ကြားမှုတစ်ခုကို မြောက်ဒဂုံရဲစခန်းက သြဂုတ် ၉ ရက်တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကသတင်း ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ် ၁၃ ရက်က သူ့ချွေးမနှင့်သူ ဈေးရောင်းထွက်စဉ်
ယခင်ကအိမ်နီးနားချင်းဖြစ်ခဲ့သူ အမျိုးသမီးကြီး တစ်ဦးက ထမင်းဆိုင်တွင်
တစ်လငွေကျပ် ၅၀၀၀၀ ရမည်ဟု ချွေးမဖြစ်သူကို ပြောဆိုခဲ့ကြောင်း တရားလိုက
ရဲကိုတိုင်တန်းရာတွင် ထွက်ဆိုထားသည်။
ထို့နောက်
သင်္ဃန်းကျွန်းမြို့နယ်တွင် ရောက်ရှိနေသည့် မူဆယ်မြို့မှလာသော
အမည်မသိအမျိုးသမီးထံသို့ သူ့ချွေးမကို ထည့်ပေးလိုက်ပြီး ထိုအမျိုးသမီးက
မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားကာ တရုတ်အမျိုးသား
တစ်ဦးထံ ရောင်းစားခဲ့ကြောင်း တရားလိုကတိုင်တန်းသည်။
ချွေးမဖြစ်သူသည် တရုတ်နိုင်ငံမှ ပြန်လည်ထွက်ပြေးလာပြီးနောက် ဇူလိုင် ၂၇
ရက်တွင် သူ့အိမ်သို့ပြန် လည်ရောက်ရှိ လာသဖြင့်
သူသည်ထိုကိစ္စများကိုသိရှိပြီး ယခုလို တိုင်တန်းခြင်းဖြစ်သည်ဟုလည်း တရားလို
ဖြစ်သူက ရဲကိုထွက်ဆို သည်။
ယခုအမှုနှင့်ပတ်သက်၍
လူကုန်ကူးသူများအဖြစ် စွပ်စွဲခံရသူများမှာ ဒေါ်ချို (ခ) ဒေါ်တင်ရွှေဆိုသူနှင့်
အမည်မသိ အမျိုးသမီးတို့ဖြစ်သည်ဟု ရဲစခန်းကအတည်ပြုထားသည်။
ယင်းအမှုကို မြောက်ဒဂုံရဲစခန်းက အမှုအမှတ်(ပ) ၄၃၃/၂၀၁၃ ဖြင့်အမှုဖွင့်ထားပြီး
စွပ်စွဲခံရထားသူများကို လိုက်လံ စုံစမ်းရှာဖွေနေပြီး ဖမ်းမိပါက
၎င်းတို့ကိုလူကုန်ကူးမှု တားဆီးရေးဥပဒေပုဒ်မ ၂၄ ဖြင့်တရားစွဲမည်ဟု တိုင်းရဲဌာနက
ထုတ်ပြန်သည်။
Mizzima News
No comments:
Post a Comment