Pages

Tuesday, August 27, 2013

လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံတွင် လုံခြုံရေးအင်အားတိုးမြှင့်

27.8.2013



သာသနာ ရေးဝန်ကြီး၏ ပြောကြားချက် အရ ရွှေတိဂုံစေတီတော်တွင် လုံ ခြုံရေးအင်အား ၂၀၀ အထိတိုး
မြှင့် ချထားလျက်ရှိကြောင်း သိ ရသည်။

ဩဂုတ် ၁၁ ရက်တွင် သာသ နာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဆန်းဆင့်မှ ရွှေတိဂုံ စေတီ
တော်နှင့်ပတ်သက်သည့် ကိစ္စအရပ်ရပ်အား ပြောကြားရာ တွင် လုံခြုံရေးအင်အားအပြည့် သုံးရန်ပြော
ကြားခဲ့သောကြောင့် လုံခြုံရေးအင်အားတိုးချဲ့ရခြင်း ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံး
အဖွဲ့မှူး ဦးဝင်း ကြိုင်က ပြောသည်။

ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှု ဖြစ် ပွားပြီးနောက်ပိုင်းတွင် ရွှေတိဂုံ စေတီတော်၌ ရန်ကုန်တိုင်းဒေသ ကြီး ရဲ
တပ်ဖွဲ့နှင့် ရွှေတိဂုံဘုရား ရဲများပူးပေါင်းကာ လုံခြုံရေးလုပ် ငန်းများအား လုပ်ဆောင်ခဲ့ပြီး ပုံမှန်အင်
အား ၁၁၀ ဖြင့်သာလုပ် ဆောင်ခဲ့ပြီး ယခုအင်အား ၂၀၀ အထိ တိုးမြှင့်ထားကာ လုံခြုံရေး ကိစ္စများ
လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

''ဝန်ကြီးက အင်အားကိုအ ပြည့်သုံးပါလို့ ပြောသွားတဲ့အတွက် လုံခြုံရေးအင်အားကို တိုးပြီး ချ တာပါ။
အင်အား ၂၀၀ ကို အ လှည့်ကျအသုံးချပြီး လုံခြုံရေးအ တွက် လုပ်နေကြပါတယ်''ဟု ရုံး အဖွဲ့မှူး ဦး
ဝင်းကြိုင်ကပြောသည်။

ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးအင်အားစုစုပေါင်းမှာ ၂၆၀ ခန့်ရှိပြီး တစ်နေ့လျှင် ၂၀၀ ခန့်အသုံးပြု
လျက်ရှိပြီး လုံခြုံရေး အင်အားထပ်မံဖြည့်တင်းရန် အစီ အစဉ်ရှိကြောင်း ဦးဝင်းကြိုင်က ဆက်လက်
ပြောသည်။

လုံခြုံရေးများစတင်ချပြီး နောက်ပိုင်းတွင် ရွှေတိဂုံစေတီတော် သို့ မသင်္ကာဖွယ်လက်နက်နှင့် တက်
ရောက်လာသူများအား ခေါ်ယူ စစ်ဆေးမှုပြုလုပ်ခဲ့သောအဖြစ် များလည်းရှိကြောင်း သိရသည်။
 
Yangon Media Group

No comments:

Post a Comment