မှော်ဘီဝါးနက်ချောင်း အိမ်ခြံမြေဈေးကွက် ကျပ်သိန်းရာချီ
29.8.2013
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် အချို့တွင် ယခုနှစ် အိမ်ခြံမြေ
ဈေးကွက် အရောင်းအ၀ယ် အေးနေသည့် အတွက် ၀ယ်လက် အများစုမှာ နယ်ဘက်သို့ ဆင်းကာ
အိမ်ခြံမြေ ၀ယ်ယူ စုဆောင်းခြင်းများ ပြုလုပ် လာသည်ဟု မှော်ဘီမြို့နယ် ရှိ
ဝါးနက်ချောင်း ကျေးရွာမှ အိမ်ခြံမြေ အကျိုးဆောင် တို့က ပြောကြား ကြောင်း
သိရသည်။ ထိုသို့ ၀ယ်ယူရာတွင် ခြံဝင်း အကျယ်များ ၊ လုံးချင်းအိမ်များ ၊
ဥယျာဉ်မြေများ ၊ လယ်မြေကွက်များ အရောင်းအ၀ယ် ဖြစ်လျက် ရှိကြောင်း သိရသည်။
ဝါးနက်ချောင်း ကျေးရွာသည် မှော်ဘီမြို့ မြို့လယ်ဈေးသို့ မရောက်မီ ညာဘက်
လမ်းသို့ ချိုးကွေ့၍ ၇ မိုင်ခန့်မျှ ဆက်သွား ရကာ လက်ရှိတွင် လမ်းပန်း
ဆက်သွယ်ရေး ကောင်းမွန် လာကြောင်း နှင့် ဖွံ့ဖြိုး တိုးတက် လာသည်နှင့် အညီ
လမ်းတစ်လျှောက် တွင် စက်ရုံများ ၊ မွေးမြူရေး ခြံများ ၊ ဥယျာဉ် ခြံမြေများ
တည်ရှိသည်။ မှော်ဘီဘက်မှ အ၀င် လုံးချင်းအိမ် ပေ ၄၀ x ၆၀ ကို ငွေကျပ်
သိန်းသုံးရာ နှင့် ဥယျာဉ်ခြံ တစ်ဧက ကို ကျပ်သိန်း တစ်ရာငါးဆယ် ၀န်းကျင် အထိ
ဈေးပေါက်လျက် ရှိကြောင်း ဒေသခံ အိမ်ခြံမြေ အကျိုးဆောင် များထံမှ
သိရှိရသည်။
The Myawady Daily
No comments:
Post a Comment