Pages

Wednesday, August 28, 2013

Mr.Vijay Naveiya ထံသို့ ရှမ်းလူမျိုးစုယဉ်ကျေးမှုကော်မတီမှ KIA ၏ အဖျက်လုပ်ငန်းကျူလွန်ခဲ့မှုများအား လာရောက်တွေ့ဆုံတင်ပြ

28.8.2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ Plum & Spring Resoot ဟိုတယ်၌ ကမ္ဘာ့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Vijay Naveiya နှင့် ရှမ်းမျိုးနွယ်စုယဉ်ကျေးမှု ကော်မတီအဖွဲ့ ၀င်များနှင့် သြဂုတ် ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲမှ ၆ နာရီ ၅၅ မိနစ်ထိ တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထိုသို့တွေ့ဆုံရာတွင် ရှမ်းမျိုးစုယဉ်ကျေးမှုကော်မတီဝင် ဦးစိုင်းထိန်လင်းမှ Mr.Vijay Naveiya ထံ ကေအိုင်အေ အကြမ်းဖက်သောင်းကျန်းသူများသည် ကချင်ပြည်နယ်အတွင်းရှိ လမ်း/တံတား အစင်းပေါင်း ၂၀၀ ကျော်အား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းနှင့် ရထားလမ်းဖောက်ခွဲဖျက်ဆီးမှု အခြေအနေများအား တင်ပြခဲ့ကြောင်း သိရသည်။

Mr.Vijay Naveiya က အဆိုပါ လုပ်ရပ်များအား လုံးဝမသိရှိခဲ့ပါကြောင်း ၊ ယခုလိုတင်ပြမှသာသိရှိရခြင်း ဖြစ်ကြောင်း ပြန်လည်ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။

ဦးစိုင်းထိန်လင်းမှ ဒုက္ခသည်စခန်းများတွင် ကချင်လူမျိုးရွှေ့ပြောင်းမိသားစုများသာ အများစုနေထိုင်ကြပြီး၊ ကူညီထောက်ပံ့မှုများကို ရယူလက်ခံရန် ရှက်ရွံ့ကြသည့်အတွက် ရှမ်းလူမျိုးရွှေ့ပြောင်းမိသားစုများသည် ရပ်ဆွေ/ရပ်မျိုးများ၏ နေအိမ်များနှင့် ရှမ်းဘုန်းတော်ကြီးကျောင်းများတွင်သာ နေထိုင်ကြကြောင်း ဆက်လက်တင်ပြခဲ့ရာ Mr.Vijay Naveiya က ၎င်းအနေဖြင့် လေ့လာမှုအားနည်းခြင်းကြောင့် ယူခုကိစ္စရပ်များ အား ပြန်လည်တင်ပြမှသာ သိရှိရ၍ ပြန်လည်တောင်းပန်သွားခဲ့ကြောင်း သိရှိရသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) မှ Mr.Vijay Naveiya ထံသို့ သြဂုတ် ၂၇ ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ၏ သဘောထားအမြင်အားတင်ပြခဲ့ကြောင်း၊ ယင်းသဘောထား အမြင်တွင် KIA အဖွဲ့၏ အဖျက်လုပ်ငန်း ပြုလုပ်နေမှုများ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများနှင့် ပတ်သက်၍ ရှမ်းလူမျိုးများသည် ငြိမ်းချမ်းရေးကို ပို၍ လိုချင်သူများဖြစ် ကြောင်း၊ KIO/KIA တို့သည် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများအားလုံးကို ကိုယ်စားမပြုနိုင်ဘဲ ကချင် လူမျိုးများသီးသန့် လွတ်မြောက်ရေးအတွက်သာ ကြိုးပမ်းနေခြင်းဖြစ်သည်ကို ၎င်းတို့၏ ထုတ်ပြန်ကြေငြာချက် များက သက်သေခံလျက်ရှိကြောင်း ရေးသားဖော်ပြထားသည်ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းလှမြင့်

No comments:

Post a Comment