Pages

Tuesday, September 17, 2013

ကော့သောင်းထောင် ရုန်းရင်းဆန်ခတ်ပစ်ခွင်းမှု စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆို



စက်တင်ဘာလ ၁၃ ရက်နေ့က ကော့သောင်းအကျဉ်းထောင်တွင်းမှာ အကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အဲဒီအမှုကို အမြန်ဆုံးဖော်ထုတ်ပေးဖို့အတွက် ဒီနေ့ ကော့သောင်းမြို့မှာ မြို့ခံတွေစုပေါင်းပြီး သမ္မတထံ စာရေးသားတင်ပြဖို့ လက်မှတ်တွေကောက်ခံခဲ့ပါတယ်။

ကော့သောင်းမြို့ ဂါးဒင်းဟိုတယ်မှာ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကဦးစီးပြီး ဒေသခံပြည်သူတွေနဲ့ အစည်းအဝေးကျင်းပပြီး လက်မှတ်တွေ ကောက်ခံခဲ့တာဖြစ်ကြောင်း ကော့သောင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ကော့သောင်းထောင်ကိစ္စမှာ ဒေသခံအာဏာပိုင်တွေနဲ့ ပွင့်လင်းမြင်သာမှု မရှိတဲ့ကိစ္စကို သူကပုံဖော်ပြီးတော့ ဖွင့်ပြတဲ့သဘောပါခင်ဗျ၊ အခု အစည်းအဝေး တက်လာတဲ့သူတွေအားလုံးကို လက်မှတ်ထိုးခိုင်းတယ်ခင်ဗျ၊ သမ္မတကြီးဆီကိုတင်မယ်၊ ဝန်ကြီးချုပ်ဆီကိုတင်မယ်၊ အမှုကိုအမြန်ဆုံးဖော်ထုတ်ပေးပါ၊ တာဝန်ရှိတဲ့သူကိုအရေးယူပေးပါ၊ လက်မှတ်ထိုးပြီးတော့ ဒီလက်မှတ်နဲ့ တွဲပြီးတော့တင်မယ်လို့ ပြောပါတယ်ခင်ဗျ”

စက်တင်ဘာလ ၁၃ ရက်နေ့က ကော့သောင်းအကျဉ်းထောင်အတွင်းမှာအကျဉ်းသားအချင်းချင်း ရန်ဖြစ်ရာကနေ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေ ပဋိပက္ခဖြစ်ပြီး အကျဉ်းသားတစ်ဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့သလို အကျဉ်းသား ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ ကော့သောင်းမြို့ အစည်းအဝေးကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကော့သောင်းထောင် တာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ပေမဲ့ တက်ရောက်ခြင်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

No comments:

Post a Comment