16.5.2013
စက်တင်ဘာ ၁၃ ရက် ည ၉ နာရီ ၂၅ မိနစ်တွင် မြစ်ကြီးနားမြို့ မြို့မရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင် များနှင့် အမှတ်(၃၀) တပ်ရင်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့သစ် ကြီးရပ်ကွက် အုပ်စု အေးမြ သာယာ ရပ်ကွက် စက်မှုလယ်ယာလမ်းဆုံ၌ သွားလာလျက်ရှိသော ယာဉ်များ အား ရှောင်တခင် တားဆီးစစ်ဆေးရာ တက်တိုးမောင်းနှင်၍ သန်းကျော်ဌေး စီးနင်းလိုက်ပါလာသော ရှာယန်း ၁၂၅ ဆိုင်ကယ်တူးဘောက်အတွင်း မှ ဒသမ ၆၂ မမ ပစ္စတိုတစ်လက်၊ ယင်းကျည်အိမ်တစ်ခု၊ ကျည် ခုနစ် တောင့်တို့အား ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏ အစစ်ခံချက်အရ ၎င်းတို့ နှစ်ဦးနှင့် မိုးချိုဆိုသူတို့ သုံးဦးသည် ကန်ပိုက်တီးမြို့နယ်ခွဲ စင်ကြိုင်ရှိ အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ် တွင် ကျောက်ထု လုပ်ငန်းလုပ်ကိုင်စဉ် လူမနေသည့်နေအိမ်ရှိ သံသေတ္တာ အား ဖျက်၍ သေတ္တာအတွင်းမှ ဒသမ ၆၂ မမ ပစ္စတိုသေနတ် လေးလက်၊ ကျည် ၄၅ တောင့်၊ ကျည်အိမ်ငါးခုအား ခိုးယူခဲ့ ကြောင်း၊ ကျန်သေနတ်နှင့် ကျည်အိမ်ကျည်ဆံတို့အား တက်တိုး နေထိုင်သည့် နေအိမ်ကွပ်ပစ် အောက်မှ သေနတ် သုံးလက်၊ ကျည်အိမ်လေးခု၊ ကျည် ၃၈ တောင့်တို့ ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
လက်နက်များနှင့် အတူတွေ့ရှိရ သည့် တက်တိုး(၂၂)နှစ်၊ သန်းကျော် ဌေး(၁၄)နှစ်၊ မျိုးချစ်(ခ)သန်းနိုင်ထူး (၁၅)နှစ် မြစ်ကြီးနားမြို့နေ သုံးဦးတို့ အား မြို့မရဲတပ်ဖွဲ့စခန်းက(ပ) ၁၆၄/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) အရ အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
(မိုးဃ်ကျ-မြစ်ကြီးနား)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
No comments:
Post a Comment