Pages

Monday, September 16, 2013

ပလတ်စတစ်အိတ်များအပေါ် ငွေကောက်သည့်စနစ် အင်္ဂလန်၌ ကျင့်သုံးမည်

16.5.2013

အင်္ဂလန်တွင် ပလတ်စတစ်အိတ်များ မသုံးစွဲရန် တွန်းအားပေးသည့် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ယင်းအိတ်များ ပေါ်တွင် ငါးပဲနိကောက်ခံသောစနစ်ကို အစိုးရက စတင်ကျင့်သုံးတော့ မည် ဖြစ်ကြောင်း ဘီဘီစီသတင်းတွင် မကြာသေး မီက ဖော်ပြသည်။

ယခုသီတင်းပတ်ကုန်တွင် လစ် ဘရယ်ဒီမိုကရက်တစ်ပါတီ ညီလာခံ ကျင်းပသည့်အခါ ဒုတိယဝန်ကြီးချုပ် နစ်ကလက်က တင်ပြမည်ဖြစ်သည်။ ပလတ်စတစ်အိတ်များက သဘာဝ ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက် ရောက်မှုရှိရာ အထူးသဖြင့် ရေနေ သတ္တဝါများအတွက် ဝန်ကြီးများက စိုး ရိမ်လျက်ရှိသည်ဟု ဆိုသည်။

စူပါမားကက်ကြီးများ၊ စတိုးဆိုင်ကြီး များတွင်သာ ကျင့်သုံးမည့် အဆိုပါ ငွေကြေးကောက်ယူသော စနစ်ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးလျှင် ကျင့်သုံးမည်ဖြစ်သည်။ ထိုရရှိသော ငွေများကို စေတ နာ ရှင် အဖွဲ့အစည်း များအား လွှဲပေးမည်ဖြစ်သည်။

မြောက်အိုင်ယာလန်နှင့်ဝေး(လ်)တို့ တွင်ပလတ်စတစ်နှင့်စက္ကူများမှ ပြု လုပ်သော တစ်ခါသုံးအိတ်များအပေါ် အလားတူ ငွေကောက်ခံသည့်စနစ်မှာ ကျင့်သုံးလျက်ရှိနှင့်ပြီးဖြစ်သည်။ စကော့တလန်မှ လက်လီရောင်းသူများ ကိုမှု ၂၀၁၄ခုနှစ် အောက်တိုဘာလတွင် စတင်ကျင့်သုံးမည်ဖြစ်သည်။

လစ်ဘရယ်ဒီမိုကရက်တစ် သတင်း အရင်းအမြစ်အဆိုအရ ၂၀၁၁ခုနှစ် တွင် ဝေး(လ်)၌ ကျင့်သုံးရာ၌ ပလတ် စတစ်သုံးစွဲမှုမှာ အကြမ်းအားဖြင့် ၇၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ပလတ်စတစ်အိတ်များ၏ဆိုးကျိုး ကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီး မှုကို ရှင်းလင်းပေးကြရာ တွင် ပါဝင် သော စေတနာရှင်အဖွဲ့အစည်းများ သည် ယခုကျင့်သုံးမည့်စနစ်အရ ရရှိ လာသော ငွေကြေးမှ အကျိုးခံစားခွင့် ရရှိကြမည်ဖြစ်သည်။ အင်္ဂလန်၏ လမ်း များပေါ်နှင့် ကျေး လက်ဒေသများတွင် ပလတ်စတစ် အိတ်များဖြင့် ရှုပ်ပွနေသည်ဟု စေတနာ ရှင် အဖွဲ့များ က ပြောကြားသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment