Pages

Monday, September 23, 2013

လေလွင့်ကလေးငယ်များဘဝအတွက် အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးနေ

23.9.2013

ရန်ကုန်မြို့အတွင်းရှိ လေ့လွင့် ကလေးငယ်များ၏ အမေ့လျော့ခံဘဝကို စာနာသောအနေဖြင့် သူတို့ဘဝအတွက် အသက်မွေးဝမ်းကြောင်း ပညာနှင့် အသိပညာများကို တတ်စွမ်းသမျှ ထောက်ပံ့မှုပေးနေကြောင်းတောင်ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ လူမှုရေးအလုပ်အမှုဆောင် ကို ညီညီက “ရန်ကုန်မြို့မှာ တောင်းရမ်းစားသောက်နေတဲ့ 
ကလေးငယ်များ၊ အမှိုက်ကောက်နေတဲ့ ကလေးငယ်များဟာ ၁၉၉၄ ခုနှစ်နောက်ပိုင်းမျာ အတော်အတန်နည်းပါးသွားပြီး လက်လှမ်း မီသမျှ အသိပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာများကိုတောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက် မှာ သင်ကြားပေးနေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုအလေအလွင့်ကလေးတွေကို စောင့်ရှောက်တဲ့နေရာမှာ ထင်သလောက်
မအောင်မြင်ပါဘူး။ ၉၄၊၉၅၊၉၆ ခုနှစ်လောက်က ဒီလိုတောင်းစားတဲ့ ကလေးတွေကို လက်တွေပတ်တီးစည်းပြီး တောင်တဲ့သူတွေပျောက်သွားတယ် အခုပိုများလာပါပြီ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံ ကိုသွားနေတယ်ဆိုပေမဲ့ အောက်ခြေမှာက ဆင်းရဲမွဲတေမှုတွေက အများဆုံး ဖြစ်နေပါတယ်။ဒါဟာ ကျွန်တော်တို့ နိုင်ငံမှာ အကျင့်ပျက်ခြစားတာတွေ များနေတာကြာင့်၊ ကလေး အလေအလွင့် ၅၀၀ ကျော်လောက်ရှိပြီး စာသင်ပေးနိုင်တာက ၁၀၀ ကျော်လောက်ပဲရှိပါတယ်။ သူတို့လေးတွေက ကျောင်းတက်ပညာသင်ရမယ့်အရွယ်ပါ ဒါပေမဲ့ မတက်နိုင်ကြဘူး။ သူတို့ဝမ်းရေးအတွက် မိုးလင်းရင် ရေသန့်ဘူးခွံ ကောင်း ပလတ်စတစ်ဘူးခွံ တို့ကောက်ပြီး ဝမ်းရေး အတွက် ရှာဖွေနေရတာပါ။နောက်ပြီး ဒီကလေးတွေက စာရေးတတ်၊ စာဖတ်တတ်လာရင် ကျွန်တော်တို့ ကွန်ပျူတာသင်ပေးမယ် ဆံပင်ညှပ်သင်ပေးမယ်။ ဝမ်းရေးအတွက် အတတ်ပညာ တစ်ခု ခုသင်ပေးမယ် ဒီကလေးတွေကိုထောက်ပံ့ဖို့အတွက်ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အမှတ်တရ ပစ္စည်းလေးတွေ ရောင်းလို့ရတာတွေအပြင် အလှူရှင်တွေ က လှူတာတွေနဲ့ ထောက်ပံ့မှု ပြုထား ပါတယ်” ဟု ပြောကြားခဲ့သည်။

Skynet TV

No comments:

Post a Comment