Pages

Monday, September 23, 2013

ဆယ်နှစ်ကျော်က ကြွေးကျန်စာရင်း အခြေခံပညာ ဆရာများ ထံမှ ပြန်တောင်းမည်


23.9.2013

အခြေခံပညာရေး ဆရာ၊ ဆရာမများကို ယခင် ၁၅ နှစ်ကျော်က လစာ၏ ဆယ်ဆ ချေးခွင့်ပြုထားပြီး အကြောင်း အရင်း အမျိုးမျိုးကြောင့် ကျန်ရှိနေသေးလက်ကျန် ငွေစာရင်းအချို့ကို ပညာရေး ဝန်ကြီးဌာနက ပြန်တောင်းခံမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လစာ၏ ဆယ်ဆ ချေးငွေများအတွက် ၂ နှစ်အတွင်း ပြန်ဆပ်ရန် သဘောတူ ချေးခဲ့ကြသော်လည်း တစ်နှစ်ခန့် အကြာတွင် ကုန်ဈေးနှုန်းနှင့် အခြားစီးပွားရေး အပြောင်း အလဲကြောင့် ဆက်မကောက်ခံဘဲ ရပ်နားထားခဲ့ကြရာမှ ယခုနှစ် စက်တင်ဘာလမှ စတင်ကာ ယင်းကြွေး လက်ကျန်များကို ပြန်လည် တောင်းခံရန် ညွှန်ကြားထားခဲ့ကြောင်းသိရသည်။ ယခင် ကြွေးကျန်စာရင်း ပြန်ဆပ်ခိုင်းခြင်းသည် ဆရာ၊ ဆရာမများကို နောက်ထပ် ချေးငွေ ချပေးရန်အတွက် သုံးသပ် ကြသော်လည်း လက်ရှိအချိန်ထိ ချေးငွေသစ်အတွက် တရားဝင် ထုတ်ပြန်ထားခြင်း မရှိကြောင်း ပညာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ အစိုးရသစ် လက်ထက်တွင် ပညာရေးကဏ္ဍအတွက် အသုံး စရိတ်များ နှစ်စဉ် သိသိသာသာ တိုးမြှင့်ရခဲ့ပြီး အခြေခံပညာ ဆရာ၊ ဆရာမများအတွက် လစာနှုန်းထားများလည်း တိုးတက်လာခဲ့ကြောင်း၊ သို့ပေမယ့် ပုဂ္ဂလိက ကျောင်းများမှဆရာ၊ ဆရာမများ၏ လစာနှုန်းထားများနှင့် နှိုင်းယှဉ်ပါက ကွာခြားမှုများ ရှိကြောင်း ပုဂ္ဂလိက ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ ပညာရေးဝန်ကြီးဌာနသည်၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အခြေခံပညာနှင့် ဆရာအတတ်သင် ပညာကဏ္ဍအတွက် ကျပ်သန်းပေါင်း ခုနစ်သိန်း သုံးသောင်း
ကျော် ရရှိထားပြီး ထိုပမာဏသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ထက်နှစ်ဆပိုများ ကြောင်း သိရှိရသည်။


Skynet TV

No comments:

Post a Comment