Pages

Saturday, September 28, 2013

ယခုနှစ်အတွင်း ဘိန်းစိုက်ပျိုး ဧရိယာဟက်တာ ၁၂၀၀၀ ကျော် ဖျက်ဆီး

                                       ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ခင်းတစ်ခုအား ဖျက်ဆီးနေမှုကို တွေ့ရစဉ်

၂၀၁၃ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထားသည့် ဧရိယာဟက်တာ ၁၂၀၀၀ ကျော်အား ဖျက်ဆီးထားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်တွင်ပြုလုပ်သည့် မူးယစ်ဆေးဝါးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

''နိုင်ငံအတွင်းမှာ မူးယစ်ဆန့်ကျင်ရေး လှုံ့ဆော်ပွဲများကို ကျင်းပဆောင်ရွက်နေပါတယ်။ ၂၁၀၂ ခုနှစ်အတွင်းမှာ ဘိန်းစိုက်ပျိုး ဧရိယာ ၂၃၇၇၁ ဒသမ ၂၂ ဟက်တာကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ယခု ၂၀၁၃ ခုနှစ်အတွင်းမှာ လက်ရှိအထိ ဘိန်းစိုက်ပျိုး ဧရိယာ ၁၂၂၅၇ ဒသမ ၄၆ ဟက်တာကို ဖျက်ဆီးနိုင်ခဲ့ပါတယ်''ဟု ရဲချုပ်ဇော်ဝင်း က ထပ်မံပြောကြားသည်။

၂၀၁၂-၂၀၁၃ ခုနှစ် ဘိန်းစိုက်ပျိုးရာသီအတွင်း ဘိန်းခင်း ဧကပေါင်း ၄၆၄၁၂ ဒသမ ၂၄ ဧက ဖျက်ဆီးနိုင်ခဲ့ပြီး ရှမ်းပြည်နယ်မှာ ဘိန်းအများ စိုက်ပျိုးသည့်ဒေသ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၌ ဘိန်းခင်းများ ဖျက်ဆီးမှုကို စက်တင်ဘာ ပထမပတ် မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီအထိ စီမံချက်ဖြင့် ဘိန်းစိုက်ခင်းများကို ရာနှုန်းပြည့်နီးပါး ဖျက်ဆီးနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၂ ခုနှစ်၌ တစ်နိုင်ငံလုံးတွင် ဘိန်း၊ ဘိန်းဖြူ၊ ဘိန်းဆီ၊ အဆင့်နိမ့်ဘိန်း၊ ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဓာတုပစ္စည်းမျိုးစုံတို့အား ဖမ်းဆီးခဲ့ရာ ၄၀၀၆ မှု ရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment