မလေးရှားတွင် ဓားဒဏ်ရာများနှင့် ခေါင်းပြတ်နေသော မြန်မာအမျိုးသားအလောင်းတွေ့
မလေးရှားနိုင်ငံ ပန်ဒန် မီဝါရှိရေမြောင်းတစ်ခုအတွင်း ဓားဒဏ်ရာ များနှင့်
ဆိုးဆိုး ရွားရွားခေါင်းဖြတ်ထားသော မြန်မာအမျိုးသားတစ်ဦး၏ အလောင်းကို
တွေ့ရှိခဲ့ရသည် ဟု သိရသည်။ မြန်မာအမျိုးသား တစ်ဦး၏အလောင်းကို
တွေ့ရှိရသည့် နေရာမှာ ဈေးဆိုင်တန်းတစ်ခုအနီးရှိ ရေမြောင်းတစ်ခုအတွင်း
ဖြစ်ပြီး ဖြတ်သွားဖြတ်လာတို့ က တွေ့ရှိခဲ့ကြပြီးနောက် ရဲ တပ်ဖွဲ့ထံ
အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့မှုခင်း ဆေးပညာ အဖွဲ့၏အဆိုအရ တွေ့ရှိရ သော မြန်မာအမျိုးသားအ
လောင်း၏ ခန္ဒာကိုယ်နှင့်လက် များတွင် ဓားဒဏ်ရာအများ အပြားတွေ့ရှိခဲ့ရသည်ဟု
ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲလက် ထောက်ကော်မရှင်နာ အမီရူဒင် ဂျာမာလူဒင် က
ပြောကြား ခဲ့ သည်ဟု သိရသည်။
အလောင်း မှာ ပုပ်ပွလျက် ရှိရာ
အနည်းဆုံးလွန်ခဲ့သည့် လေးရက်လောက်က အသတ် ခံရခြင်းဖြစ်ပြီး ဦးခေါင်းကို တိတိ
ရိရိဖြတ်တောက်ထားခဲ့ကြောင်း၊ ကနဦးစစ်ဆေးမှုတွင် တွေ့ရှိ ချက်အရ အလောင်းကို
အနီး အနားရှိ တစ်နေရာရာတွင် သတ် ဖြတ်ခဲ့ ခြင်း ဖြစ်ကြောင်း၊ သေဆုံး
သူမြန်မာအမျိုးသားသည် အ သက် ၃ဝအရွယ်ခန့်ရှိပြီး အ လောင်းအား ခွဲစိတ်စစ်ဆေး
မှုပြု၍ မည်သူမည်ဝါဖြစ်သည် ကို စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ကြောင်း မစ္စတာ
အမီရူဒင် က ပြောကြားခဲ့သည်။
Ref: AFP
Yangon Media Group
No comments:
Post a Comment