မန္တလေး လျှပ်စစ်ဝန်ထမ်းအရာရှိရိပ်သာတွင် လူသတ်၍ ရွှေနှင့်ငွေများခိုးယူ
05.09.2013
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် ၇၇ လမ်း နှင့် ၂၆
x ၂၇ လမ်းရှိ တိုင်းဒေသကြီး လျှပ်စစ်ရုံး လျှပ်စစ်ဝန်ထမ်းအရာရှိရိပ်သာ
ငါးလွှာတွင် အမျိုးသမီးတစ်ဦးကို သတ်၍
ရွှေနှင့်ငွေများ ခိုးယူခဲ့ကြောင်း အမှတ် (၈) မြို့မရဲစခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ရုံး လျှပ်စစ်ဝန်ထမ်း
အရာရှိရိပ်သာ ငါးလွှာ အခန်းအမှတ် B-8 လက်ထောက် အင်ဂျင်နီယာ
ဒေါ်မိုးသူဇာနေထိုင်သော တိုက်ခန်းတွင် ဒေါ်မိုးသူဇာ၏ အဒေါ်ဖြစ်သူ ဒေါ်သန်းထွေး
(ခ) ဒေါ်အေးလေး (၆၃နှစ်) သည် စက်တင်ဘာလ ၄ ရက်နေ့တွင် အနုကြမ်းစီးခံရ၍
လည်ပင်းပြတ်ရှဒဏ်ရာ များနှင့် သေဆုံးနေကြောင်း အမှတ် (၈) မြို့မ
ရဲစခန်းထံမှ သိရသည်။
"အိမ်မှာ သမီးတစ်ယောက်တည်း နေရတော့
အဖော်ရအောင်ဆိုပြီး ဇူလိုင်လက အဒေါ့်ကို အိမ်ခေါ်ထားလိုက်တာ။ မနက် က ၈
နာရီလောက်က ဦးတို့လင်မယားက နန်းတော်ဆေးခန်းကို ဆေးစစ်သွားတယ်။ အိမ်မှာ
သူတစ်ယောက်တည်း ကျန်ခဲ့တယ်။ သမီးကလည်း ရုံးသွားတယ်။ ဦးတို့ မွန်းလွဲ ၂
နာရီ ၃၀ မိနစ်လောက်ကျ အိမ်ပြန်ရောက်လာတော့ တံခါးကဖွင့်မရဘူး။ အထဲက
ပိတ်ထားတယ်။ အော်ခေါ်တော့လည်း ဘာအသံမှ မကြားတာနဲ့ သမီးကိုသွားခေါ်
တံခါးဖွင့်လိုက်တော့ ဒေါ်အေးလေးက အိမ်ရှေ့က တီဗီရှေ့မှာ သွေးတွေနဲ့
လဲကျသေဆုံးနေတာ တွေ့ရတယ်" ဟု ယင်းအိမ်တွင်နေထိုင်သူ ဒေါ်မိုးသူဇာ၏
ဖခင်ဖြစ်သူ ဦးမြမောင်းက ဆိုသည်။
ဒေါ်အေးလေး သေဆုံးနေသည်ကို
တွေ့ရှိချိန်တွင် သက်ဆိုင်မြို့နယ် ရဲစခန်းကို ဖုန်းဆက်
အကြောင်းကြားခဲ့ပြီး အိမ်အတွင်းရှိ ပစ္စည်းများကို လိုက်လံစစ်ဆေးရာ
ငွေကျပ်ငါးသိန်း၊ ရွှေတစ်ကျပ်သား ဆွဲကြိုး တစ်ကုံး၊ စိန်ဆွဲသီးတစ်ခု၊
စိန်လက်စွပ် တစ်ကွင်း၊ ပုလဲနားကပ်တစ်စုံနှင့် ကလေး လက်စွပ်တစ်ကွင်း
ပျောက်ဆုံးလျက်ရှိသည်ကို တွေ့ရသည်ဟု ၄င်းက ပြောကြားသည်။
အဆိုပါ
သေဆုံးသူ၏ အလောင်းကို ညနေ ၄ နာရီ မိနစ် ၃၀ ခန့်တွင် မန္တလေး
ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပြီး သေမှုသေခင်းအတွက်
စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်
အမှတ် (၈) မြို့မရဲစခန်း၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ချမ်းအေးသာစံမြို့နယ် ၇၇ လမ်းနှင့် ၇၈ လမ်း၊ ၃၃ နှင့် ၃၄ လမ်းကြားရှိ
ဒိုင်းမွန်း ပလာဇာနှင့် ရတနာပုံစူပါစင်တာ ကြားတွင် စက်တင်ဘာ ၄ ရက် နံနက် ၁
နာရီတွင် အမည်မသိ အသက် ၂၀ ခန့် အမျိုးသားတစ်ဦးအလောင်း တွေ့ရှိရကြောင်း
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
No comments:
Post a Comment