Pages

Wednesday, September 11, 2013

" အဆမတန် မြင့်တက်သွားသော ရုံးခွန်တံဆိပ်ခေါင်း ခွန်နှုန်းထားလျှော့ချရေး သဘောတူ "

အဆတစ်ရာမှ ထောင်ဂဏန်း အထိ မြင့်တက်ခဲ့သော ရုံးခွန်တံဆိပ် ခေါင်းခွန်များအားလုံး လျှော့ချပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း မြန်မာ နိုင်ငံရှေ့နေများ ကွန်ရက်မှ သိရသည်။

သြဂုတ်လအတွင်းက ရှေ့နေများ ကွန်ရက်မှ တာဝန်ရှိသူများနှင့် ပြည်သူ့ လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင် ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ ပြည် တွင်းအခွန်များဦးစီးဌာနမှ
တာဝန်ရှိ သူ များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ များ တွေ့ဆုံခဲ့ကြရာတွင် ရုံးခွန်တံဆိပ် ခေါင်းခွန် များ မြင့်တက်နေမှုကို ဆွေး နွေးခဲ့ကြကြောင်း၊ ထိုသို့ ဆွေးနွေးပြီး နောက် နှုန်းထားများကိုလျှော့ချပေး မည်ဟု သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ် ကြောင်း ရှေ့နေများကွန်ရက်မှ တရား လွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

''တက်တဲ့နှုန်းထားတွေက အဆ ၁ဝဝ၊ ၂ဝဝ ကနေ ၁၅ဝဝ လောက်အထိ ရှိပါတယ်။ အဲဒါတွေကို လျှော့ချဖို့ လွှတ်တော်မှာတင်ပြပြီး ဆက်လက် ဆောင်ရွက်မယ်လို့ သိရတယ်''ဟု ၎င်းက
ပြောသည်။ လာမည့် လွှတ်တော်တွင် ထည့် သွင်းဆွေးနွေးဆောင်ရွက်သွားမည်ဖြစ် ပြီး မူလက ရုံးခွန်တန်ဖိုး ကျပ် ၁၅ သိန်းအစား ကျပ် ၅ သိန်းသတ်မှတ် မည်ဟုလည်း
ဆွေးနွေးခဲ့ကြကြောင်း ရှေ့နေများ ကွန်ရက်မှ ဥက္ကဋ္ဌ ဦးကြီးမြင့် ကပြောသည်။

''ပထမတော့ ၁၅ သိန်းကို ကျပ် တစ်သိန်းခွဲလောက်ထားဖို့တင်ပြတယ်။ အဲဒါတော့ မဖြစ်နိုင်ဘူးပေါ့။ ကျပ် ငါး သိန်းလောက်တော့ ဖြစ်မယ်ထင်တယ်''ဟု ဦးကြီးမြင့်က ပြောသည်။ ၂ဝ၁၂
ခုနှစ် ဧပြီ ၁ ရက်မှ စ၍ ရုံးခွန် တံဆိပ်ခေါင်းခွန်များကို မူလ ထက် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၂ ခုနှစ် ဇွန်လတွင် ရှေ့နေများကွက်ရက်က နိုင်ငံ တော် သမ္မတအပါအဝင် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တို့ကို အခွန်များ လျှော့ချပေးရန် တင်ပြခဲ့သည်။ ထိုသို့ တင်ပြပြီး တစ်နှစ်အကြာ ယခုနှစ် သြဂုတ်လတွင် ရုံးခွန်တံဆိပ် ခေါင်းခွန်များနှင့် ပတ်သက်၍
ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

မေဇင်ဝင်း

No comments:

Post a Comment