သူနာပြု၊ သားဖွားနှင့် ပညာရေး သင်တန်းများ တက်ရောက်ခွင့်ရရန်
မလျော်ကန်သည့် ထောက်ခံချက်တို့ဖြင့် လျှောက်ထားမှု ပြုနေကြသူများ ယနေ့
အချိန်အထိ ရှိနေသေးကြောင်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အချို့ထံမှ သိရ
သည်။
ရာထူး၊ အာဏာအပေါ် အခြေပြု ကာ မည်သူ၊ မည်ဝါက ထောက်ခံ ပါ ကြောင်းဆိုသည့် ထောက်ခံချက်တို့ဖြင့်
အချို့က လာခြင်းဖြစ်ပြီး ယင်းအပေါ် အခြေပြုကာ သက်ဆိုင်ရာဒေသတို့မှ
ရွေးချယ်ရေးအဖွဲ့တို့က စဉ်းစားပေးမည် မဟုတ်ဟု ၄င်းတို့က ဆိုကြသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန် ကြီး ဦးချစ်လှိုင်က ”အရှိန်မကုန်သေးကြ တာတွေပေါ့”ဟု ယင်းကိစ္စများအပေါ် မှတ်ချက်ပြုသည်။
တကယ်တော်၊ တကယ်တတ်၊ တ ကယ်အရည်အချင်းရှိသူတို့ သာ နေရာရ၊
နေရာပေးနေရသည့်ကာလတွင် မည် သည့်လူကြီးထောက် ခံချက်နှင့်မျှ
အရည်အချင်းမရှိသူ ကို နေရာပေးရန် အစီ အစဉ်မရှိဟု ပြည် နယ်ဝန်ကြီးက ဆက်
ပြောသည်။
”လျှောက်ထားသူတွေရဲ့ အရည် အချင်းပေါ် မူတည်ပြီး ပိုင်းဖြတ်ပေးသွား မယ်”ဟု ၄င်းကပင် ထပ်လောင်းဆို သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ရွေး ချယ်ရေးအဖွဲ့ကလည်း လျှောက်ထားသူ တို့၏ ရမှတ်ကို တန်းစီစနစ်ဖြင့် ရွေး ချယ်မည်ဟု ပြောသည်။
ကချင်ပြည်နယ် ဝန်ကြီး ဒေါ် ဘောက်ဂျာက ”တစ်ဦးတည်း ပိုင်းဖြတ် ပြီး
ရွေးမှာမဟုတ်ဘူး၊ အဖွဲ့နဲ့ရွေးမှာ။ ဒါ့ကြောင့် ထင်သာမြင်သာပဲ”ဟု ပြော သည်။
လက်ရှိတွင် ယခင်က ကောလာ ဟလများ ထွက်ခဲ့ဖူးသည့် သူနာပြုသင် တန်းတက်လိုပါက
ငွေဘယ်နှသိန်း၊သား ဖွားဆိုပါက ငွေဘယ်နှသိန်း ဆိုသည့် ကိစ္စများနှင့်
ဆရာမလုပ်လိုပါက ဘယ် လောက်ပေးရမည်ဆိုသည့် ကိစ္စရပ်များ မပေါ်အောင်
သက်ဆိုင်ရာရွေးချယ်ရေး အဖွဲ့က တင်းကျပ်စွာ ကိုင်တွယ်မည်ဟု ထပ်မံသိရသည်။
ကရင်ပြည်နယ် ဝန်ကြီး ဦးချစ်လှိုင် က ”တချို့က ပါလာမှပေးဆိုတာမျိုး ရှိ ကြပါတယ်။ ရိုက်စားတွေပါ။ တောင်းခဲ့ ရင် တိုင်ပါ”ဟု ပြောသည်။
ဗဟိုက ပြည်နယ်နှင့်တိုင်းဒေသ ကြီးများအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်
ရဒေသများဆီသို့ သူနာပြု၊ သားဖွားနှင့် ပညာရေးသင်တန်းသားဦးရေ ခွဲဝေပေး ပြီး
ရွေးချယ် ခိုင်းသည့်စနစ်တွင် ဝေးလံ ခေါင်ပါးသောနေရာဒေ သတို့ကိုမူ
ခြွင်းချက်အနေဖြင့် အရည်အချင်း လျှော့ပေါ့ စဉ်းစားပေးမှု အား နေရာဒေသတစ်ခု၌
ဆယ်ဂဏန်းခန့်သာ ပါဝင်မှု ခွင့်ပြုပေး ထားသည်ဟု သိရသည်။
PP
No comments:
Post a Comment