Pages

Wednesday, September 25, 2013

ရေကြီးမှုကြောင့် လူဦးရေ သုံးသောင်းကျော် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ရဆဲဖြစ်ပြီး ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်း ဒေသကြီးများ၌ ရေဖုံးလွှမ်းနိုင်မှု အလားအလာ ဆက်လက်မြင့်တက်နေကြောင်း ထုတ်ပြန်


တာမွေမြို့နယ်အတွင်း ရေကြီးရေလျှံနေမှု မြင်ကွင်းအား စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)25.9.2013

စက်တင်ဘာ လဆန်းပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှု များကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်း ရေကြီးမှုများ ကြုံတွေ့လာရကာ ရေကြီးမှုများကြောင့် လူဦးရေ သုံးသောင်းကျော် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

ကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့်သူများ နေထိုင်နေရဆဲ ကာလတွင်ပင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေဖုံးလွှမ်းနိုင်မှု အလားအလာမှာ ဆက်လက်မြင့်တက်နေကြောင်း Myanmar Climate Change Watch က သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် အရှေ့ဘက်မှ တိုက်ခတ်လာသည့် လေပွေလှိုင်းများကြောင့် မိုးများဆက်တိုက် ရွာသွန်းကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ရန်ကုန်တိုင်း အရှေ့တောင်ပိုင်း၊ ဧရာဝတီတိုင်း အရှေ့တောင်ပိုင်းနှင့် ပဲခူးတိုင်း တောင်ပိုင်းစွန်းတို့တွင် ရေဖုံးလွှမ်းနိုင်ခြေ ဆက်လက်မြင့်တက်နိုင်ကြောင်း Myanmar Climate Change Watch က စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ နေရာငါးနေရာတွင် လည်းကောင်း၊ ပဲခူးတိုင်းဒေ သကြီးအတွင်း နေရာရှစ်နေရာ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်နှင့် မအူပင်မြို့တွင် နေရာခြောက်နေရာ၊ စုစုပေါင်း နေရာ ၂၀ တို့တွင် ရေကြီးနိုင်မှု အလားအလာ မြင့်မားနေဆဲဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက် အရ သိရသည်။

"အခုအချိန်က တောင်ပြန်လေကာလ မဟုတ်တော့ပေမယ့် အရှေ့လေပွေ လှိုင်းတွေရဲ့ကာလ ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ အရှေ့ဘက်က ရွေ့လာတဲ့ မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တစ်ခု မြန်မာနိုင်ငံ တောင်ပိုင်းကို ဖြတ်သွားခဲ့လို့ တနင်္သာရီတိုင်း မှာ ရေတွေကြီးခဲ့ပါတယ်။ မွန်ပြည်တို့ ကရင်ပြည်တို့တောင် အဆစ် ပါလို့ မြ၀တီတောင် ရေတွေကြီးခဲ့ပါတယ်။ အခုတော့ ဒီတိမ်တိုက်က မြောက်ဘက်ပိုင်းကို ဦးတည်နေပြန်တယ်" ဟု Myanmar Climate Change Watch မှ ဒေါက်တာ ဦးထွန်းလွင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီ မြစ်ရေတို့မှာ စိုးရိမ်ရေမှတ် အထက် မြင့်တက်ခဲ့ကြောင်း၊ မြစ်ကမ်းဘေးရှိ ကျေးရွာအချို့မှာ ရေမြင့်တက်လာသည့်အတွက် ကျေးရွာလုံးကျွတ် ပြောင်းရွှေ့မှုများပင် ရှိခဲ့ကြောင်းလည်း သိရသည်။

Credit to >Eleven Media Group< Thanks

No comments:

Post a Comment