Pages

Wednesday, September 25, 2013

ကျိုင်းတုံ-ချင်းမိုင် ညီအစ်ကိုမြို့တော် MoU လက်မှတ်ရေးထိုးရန် ကြိုတင်ဆွေးနွေးပွဲတွင် ထိုင်းလေကြောင်းမှ ကျိုင်းတုံမြို့သို့ တိုက်ရိုက်ပြေးဆွဲရန် သဘောတူ

                              MoU လက်မှတ် ရေးထိုးရန် အကြိုဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကို တွေ့ရစဉ်
25.9.2013

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့အား ညီအစ်ကိုမောင်နှမ ချစ်ကြည်ရေးမြို့တော် MoU လက်မှတ် မထိုးခင် ဆွေးနွေးမှုများတွင် ရှမ်းပြည်နယ် ၀န်ကြီးက ထိုင်းလေကြောင်းလိုင်းအား ကျိုင်းတုံမြို့သို့ တိုက်ရိုက်ပြေးဆွဲရန်နှင့် ကျိုင်းတုံ-တောင်ကြီးလမ်းကို အဆင့်မြှင့်တင်ရန် ထိုင်းပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင် ရွက်ရန် သဘောတူညီမှုများ ရှိခဲ့သည်ဟု သိရသည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး ဆွေးနွေးပွဲတွင် စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်ဝန်ကြီး ဦးစိုင်းအောင်မြတ်နှင့် ချင်းမိုင်ဝန်ကြီးဌာနမှ Mr. Tanin Subasen တို့ ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့သည် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုကောင်းမွန်လာစေရန် MoU သဘောတူစာချုပ် ချုပ်ဆိုရန် အချက်ခုနစ်ချက်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ အချက်များမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ခရီးသွားလာရေး၊ အားကစား၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စများ စသည် တို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဓိက ဆွေးနွေးခဲ့သော အချက်မှာ ကျိုင်းတုံ-တောင်ကြီး ကားလမ်းမကြီးအား နှစ်နိုင်ငံ ချစ်ကြည်ရေး လမ်းအဖြစ် ချင်းမိုင်၊ ချင်းဟိုင်ဘက်မှ ပုဂ္ဂလိက လုပ်ငန်းရှင်များက အဆိုပါလမ်းအား အဆင့်မြှင့်တင်ရန် တောင်းဆိုမှုအပေါ် မြန်မာနိုင်ငံ ရှမ်းပြည်နယ် ၀န်ကြီးက ဘတ်ဂျက်လုံလောက်မှု မရှိသေး၍ ပြုပြင်ရန် အခက်အခဲ ရှိနေကြောင်း ထိုင်းပုဂ္ဂလိက လုပ်ငန်း ရှင်များက မြန်မာအစိုးရနှင့် ပူးပေါင်းပြီး ချစ်ကြည်ရေးလမ်းအဖြစ် ပြုပြင်သွားမည်ဟုဆိုကာ ရှမ်းပြည်နယ် ၀န်ကြီးဘက်ကလည်း သဘောတူညီခဲ့သည်။

ထိုင်းဘက်မှ တောင်းဆိုထားသော ပုံပါခမ်းမိုင်တုံဘက် ၀င်ပေါက်သည် တိုင်းရင်းသား လက်နက်ကိုင်တို့နှင့် ငြိမ်းချမ်းရေး ရယူရန် ဆွေးနွေးနေသည့် ငြိမ်းချမ်းရေး ရရှိပါက ဖွင့်ပေးရန် အစီအစဉ် ရှိခဲ့သည်ဟု ရှမ်းပြည်နယ် ၀န်ကြီးက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ကျိုင်းတုံ-တောင်ကြီးကားလမ်းအား ပြုပြင်နိုင်ပါက အနာဂတ်တွင် ခရီးသွားလာမှုနှင့် ကုန်သွယ်မှုအတွက် အဓိကလမ်း ဖြစ်လာနိုင်ပြီး ကျိုင်းတုံ-တောင်ကြီး-အိန္ဒိယနှင့် တရုတ်တောင်ပိုင်းအထိ တစ်ဆက်တည်း သွား လာနိုင်မည်။ လေကြောင်းလိုင်းကိုလည်း ဆစ်ဆောင်ပန်းနား-ချင်းမိုင်-ကျိုင်းတုံ-တောင်ကြီးတို့ကို ပြေးဆွဲလာနိုင်အောင် အမြန်ဆုံး ဆွေးနွေးမှုများ ပြုလုပ်ပြီး အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး MoU ချစ်ကြည်ရေး လက်မှတ်ထိုးဖို့လည်း အထက် အဆင့်ဆင့်သို့ ဆွေးနွေးပြီး အတည်ပြုချက် ရယူကာ ယခုနှစ် မကုန်ခင် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်သွားမည်ဟု Mr. Tanin Subasen က ပြောကြားခဲ့သည်။

Credit to >Eleven Media Group< Thanks

No comments:

Post a Comment