Pages

Saturday, September 14, 2013

ဇွဲကပင် မိုးပျံရထား တပ်ဆင်ရန် အလှူငွေကောက်ခံရေး ကော်မတီများ ဖွဲ့စည်း

ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင်ပေါ်တွင် မိုးပျံရထားနှစ်စင်း တပ်ဆင်နိုင်ရေးအတွက် အလှူငွေ ကောက်ခံရေး အဖွဲ့များကို မြို့နယ်ငါးမြို့နယ်တွင် ကော်မတီများ ဖွဲ့စည်းလျက် ရှိကြောင်း ဇွဲကပင် ကောင်းကင်လှေကား (Cable Car) တည်ဆောက်ရေး ကော်မတီမှ ကော်မတီဝင် ဒေါ်တူးတူးမြင့်သိန်း က ပြောကြားသည်။

ရန်ကုန်၊ မန္တလေး၊ ကလော၊ အောင်ပန်းတို့တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးများ ပါဝင်သော ကော်မတီများ ဖွဲ့စည်းပြီးဖြစ်၍ တောင်ကြီးမြို့နယ်တွင် ဆက်လက်ဖွဲ့စည်းနိုင်ရန် စက်တင်ဘာလ ၁၂ ရက် ညနေ ၃ နာရီတွင် တောင်ကြီးမြို့ မြို့မဓမ္မာရုံတွင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန် ဇွဲကပင် ဆရာတော်ကြီး ဓမ္မကထိက ဗဟုဇနဟိတဓရ အရှင်ကဝိဓဇ၊ ပီနန်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ပညာဝံသနှင့် သုံးထပ်ကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ အရှင်ပညိန္ဒ ဆရာတော်ကြီး သုံးပါးက ဦးဆောင်၍ ရန်ကုန်၊ မန္တလေး၊ ဘားအံတို့မှ ကော်မတီဝင်များဖြင့် ရန်ကုန်မြို့မှ စက်တင်ဘာလ ၇ ရက် ညနေမှစတင်ကာ ဒေသစာရီ ကြွရောက်လာခြင်းဖြစ်ပြီး ကောင်းကင်ရထား တည်ဆောက်နိုင်ရန် အလှူငွေကောက်ခံရေး ကော်မတီများ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ဒေါ်တူးတူးမြင့်သိန်းက ပြောကြားသည်။

“အလှူငွေတွေတော့ ကောက်ခံရရှိနေပြ၊ီ ဘယ်လောက် ဆိုတာတော့ အတိအကျ မသိသေးဘူး” ဟု ၎င်းက ပြောကြားသည်။

ကုန်ကျစရိတ်များကို အလှူခံသွားမည်ဖြစ်၍ အလှူတော်ငွေများ ကောက်ခံနိုင်ရန် အလှူငွေ ကောက်ခံရေး အဖွဲ့များ ဖွဲ့စည်း၍ အလှူငွေများ ကောက်ခံသွားမည် ဖြစ်ကြောင်း ဇွဲကပင် ဆရာတော်ဘုရားကြီး ဓမ္မကထိက ဗဟုဇနဟိတဓရ အရှင်က၀ိဓဇ က ပြောကြားသည်။

ကောင်းကင်ရထားသည် လုမ္ပိနီဥယျာဉ်မှ ပေပေါင်း ၂၇၀၀ မြင့်သော ဇွဲကပင် တောင်ထိပ်တို့ကို ဆက်သွယ်ဆောက်လုပ်ခြင်း ဖြစ်ကြောင်း အရှင်ဦးကဝိဓဇ၏ မိန့်ကြားချက်မှ သိရသည်။

The Voice Weekly

No comments:

Post a Comment