Pages

Monday, September 30, 2013

ရှန်ဟိုင်း တွင် ပိတ်ပင် ထားသော ဝက်ဘ်ဆိုက် များ သုံးခွင့် ရမည်



30.9.2013

စက်တင်ဘာ ၂၉ ရက် တွင် တရားဝင် စတင် မည့် ရှန်ဟိုင်း ရှိ လွတ်လပ်စွာ ကုန်သွယ်ရေး ဇုန် FTZ ၌ Facebook, Twitter အပါ အဝင် ပိတ်ပင် ထားသည့် ဝက်ဘ်ဆိုက် များ အသုံးပြု နိုင်တော့ မ ည် ဖြစ်သည် ဟု ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းစာ က ဖော်ပြ သည်။ ၂၀၀၉ ခုနှစ် နှစ်လယ် တွင် နိုင်ငံ အနောက် ပိုင်း ရှင်ကျန် ဒေသ ၌ အဓိက ရုဏ်း များ ဖြစ် ပွား ခဲ့ပြီး နောက် တရုတ် အစိုးရ သည် ယင်း ဝက်ဘ်ဆိုက် များ ကို ပိတ်ပင် ခဲ့သည်။

သို့သော် စတုရန်းမိုင် ၁၇ မိုင် ဝန်းကျင် သာ ရှိမည့် ရှန်ဟိုင်း လွတ်လပ်စွာ ကုန်သွယ်ရေး ဇုန်သစ် တွင် မူ စက်တင်ဘာ ၂၉ ရက် မှ စတင်ပြီး အဆိုပါ ဝက်ဘ်ဆိုက် များ ကို အသုံးပြု နိုင်တော့ မည် ဖြစ် သည်။ ပြီးခဲ့သော နှစ် တွင် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် မိသားစု ၏ ချမ်းသာ ကြွယ် ဝမှု မြင့်တက် လာမှုကို ဖော်ထုတ် ခဲ့သော New York Times သတင်းစာ ဝက်ဘ်ဆိုက် ကိုလည်း တရုတ် က ပိတ်ပင် ခဲ့သည်။

Weekly Eleven Journal

No comments:

Post a Comment