Pages

Sunday, September 29, 2013

ဒိုင်းမွန်းပလာဇာတွင် ပြုလုပ်သည့် ဟစ်ဟော့ရှိုးပွဲတွင် ရန်ဖြစ်ပြီး လူသေဆုံးသည့် ကောလာဟလ မဟုတ်မှန်




29.9.2013

စက်တင်ဘာ ၂၇ ရက်ည ၇ နာရီခန့်က ဒိုင်းမွန်းပလာဇာ ခေါင်မိုးတွင် ပြုလုပ်သည့် ဟစ်ဟော့ရှိုးပွဲတွင် ရန်ဖြစ်ရင်း လူသေဆုံးသည်ဆိုသည့် ကောလာဟလများ ဖေ့ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့ပြီး လူသေဆုံးသည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း နယ်မြေခံ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးနှင့် မန္တလေးပြည်သူ့ ဆေးရုံမှ အရေးပေါ် မှုခင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ကျွန်တော်လည်း အခုတင် ဖေ့ဘွတ်ခ် ထိုင်ကြည့်နေတာ။ ရှိုးပွဲမှာ လူသေဆုံးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ သေချာမမေးမြန်း မစုံစမ်းဘဲနဲ့ သတင်းအမှားတွေ လျှောက်ရေးကြတယ်။ ရန်ဖြစ်တယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့ ဒဏ်ရာတွေတော့ မရပါဘူး။ ရန်ဖြစ်တဲ့ လူငယ်တွေကိုလည်း သူတို့အချင်းချင်း ကျေနပ်လို့ အမှုဖွင့်ထားတာမျိုး မရှိပါဘူး" အဆိုပါ ရှိုးပွဲပြုလုပ်ရာ အမှတ် (၈)ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီက အတည်ပြု ပြောကြားခဲ့သည်။

ရှိုးပွဲပြုလုပ်နေစဉ် စက်တင်ဘာ ၂၇ ရက် ည ၉ နာရီက ရှိုးပွဲလာရောက် ကြည့်ရှုသော လူငယ်များသည် ကခုန်နေစဉ် အချင်းချင်း ထိုးကြိတ်ရိုက်နှက်ခြင်း၊ ပုလင်းကွဲများဖြင့် ရိုက်နှက်ခြင်းတို့ကြောင့် လူငယ် ၇ ဦးသည် ဒဏ်ရာအသီးသီး (မစိုးရိမ်ရ) ရရှိခဲ့ပြီး မန္တလေး ဆေးရုံကြီး အရေးပေါ်ထိခိုက် ကုသဌာနတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူခဲ့ရကြောင်း ဆေးရုံကြီး အရေးပေါ် မှုခင်းမှတ်တမ်းများအရ သိရသည်။

Eleven Media Group

No comments:

Post a Comment