Pages

Saturday, September 14, 2013

"ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ရင် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား"

အရှေ့ဥရောပ နိုင်ငံတွေ ကို ခရီးထွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန်နိုင်ငံကနေ သောကြာနေ့ မနေ့က ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့ကို ရောက်ရှိသွားပါပြီ။ဘူဒါပက်စ်မြို့အရောက် သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ မြန်မာပြည်ရဲ့ လက်ရှိ ဖွဲ့စည်းပုံဥပဒေကို မပြင်ဆင်သရွေ့မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာမှာမဟုတ်ပါဖူးလို့ သူက ပြောကြားလိုက်ပါတယ်။

အဲဒီဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွတ်တော်ကဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သုံးသပ်ရေး ကော်မတီက ဒီနှစ်ကုန်မှာ တင်ပြမယ့် အစီရင်ခံစာ ထွက်ပေါ်လာတဲ့အခါ ဒီမိုကရေစီစံနစ် ပြုပြင်ပြောင်းလဲရေး အတွက် လက်ရှိ အစိုးရအနေနဲ့ အမှန်တကယ် စိတ်ဝင်စားမှု ဘယ်လောက် ရှိသလဲဆိုတာ အထင်အရှား မြင်ရပါလိမ့်မယ်၊

ဒါကြောင့် လာမယ့် လအနည်းငယ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုဆုံးဖြတ်ရာမှာ အင်မတန်အရေးပါတဲ့ ကာလဖြစ်မှာပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် တဆက်တည်းမှာပဲ တကယ်လို့သာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို မြန်မာအစိုးရအနေနဲ့ ပံ့ပိုးကူညီမှုမရှိဖူး ဆိုရင် အဲဒီအစိုးရဟာ ဒီမိုကရေစီစနစ်ကို တကယ်လိုချင်တဲ့ အစိုးရမဖြစ်နိုင်ပါဖူးလို့လည်း သူကပြောကြားခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲကို NLD အနေနဲ့ သပိတ်မှောက်ဖို့ တစုံတရာ ကြိုတင်ထည့်သွင်း စဉ်းစားထားတာများ ရှိပါသလားလို့ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည် က မိမိတို့အနေနဲ့ အစိုးရနဲ့ ပူးပေါင်းဆက်ဆံရေးတံခါးကို ကာလရှည်ကြာစွာ တတ်နိုင်သမျှ ဖွင့်ထားမှာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဟန်ဂေရီ သမ္မတ Janos Ader နဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Zsolt Nemeth တို့ကို မနေ့က တွေ့ဆုံခဲ့ပြီး ဒီကနေ့ စနေနေ့မှာ ချက်သမ္မတနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

RFA

No comments:

Post a Comment