"တိုက်ပွဲတွေဖြစ်နေပေမယ့် KIA က အပစ်ရပ်ရေး ဆက်ဆွေးနွေးမည်"
KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေ ထပ်မံပြီး တိုက်ပွဲတွေဖြစ်ပွားပေနေပေမယ့် အစိုးရနဲ့ အပစ်ရပ်ရေးကိစ္စတွေကို ဆက်လက်ဆွေးနွေးမယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက မနေ့က ပြောကြားလိုက်တယ်လို့ အေပီသတင်းမှာပါရှိပါတယ်။လာမယ့် တနင်္လာနေ့မှာ အပစ်ရပ်ရေး ဆွေးနွေးပွဲထပ်ကျင်းပမယ်လို့ ဦးလာနန်းကပြောကြားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ မေလမှာနောက်ဆုံး ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ ငြိမ်းချမ်းရေး ရရှိရေးကို ရှေးရှုတဲ့ အချက် ၇ ချက်ပါ သဘောတူညီချက်ကို နှစ်ဘက်လက်မှတ်ရေးထိုးခဲ့ပေမယ့် နှစ်ဖက်တပ်တွေကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ သြဂုတ်လကစလို့ တိုက်ပွဲ အရှိန်မြင့်လာပါတယ်။RFA
No comments:
Post a Comment