နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၆)နှစ်မြောက် အခမ်းအနား အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်း တိုက်တွင် စက်တင်ဘာ ၁၈ ရက် (ယနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် သံဃာတော် အပါး ၂၅၀ ခန့်ကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်ရန်အတွက် ရန်ကုန်မြို့ရှိ သံဃာတော်များအပြင် တစ်နိုင်ငံလုံးရှိ သံဃာတော်များကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနားကို ဘာသာရေး ပဋိပက္ခ မဖြစ်ပေါ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အခြေခံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ငွေကြာယံကျောင်းတိုက်မှ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတော် တစ်ပါးဖြစ်သူ ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။
"အခုလို ၆ နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ရတာက ရွှေဝါရောင်တော်လှန်ရေး သမိုင်းတစ်ခု မပျောက်သွားအောင်ပါ။ နောက်တစ်ခုကတော့ အချက်လေးချက်ပေါ့။ ဆရာတော်ကြီး တော်တော်များများကိုလည်း ဖိတ်ကြားထားပါတယ်။ ရည်ရွယ်ချက်တွေ အကောင်အထည် ဖော်ဖို့အတွက်လည်း သက်ဆိုင်ရာ အသီးသီးကို မေတ္တာရပ်ခံချက်တွေ လုပ်သွားမှာပါ" ဟု ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။
အခမ်းအနားကို ဘာသာရေး ပဋိပက္ခ မဖြစ်ပေါ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အခြေခံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်မည်ဖြစ် . . . . .
ယခုပြုလုပ်မည့် အခမ်းအနားသည် အထိမ်းအမှတ် အလှူအတန်း တစ်ခုအနေဖြင့် ပြုလုပ်မည် ဖြစ်သောကြောင့် ခွင့်ပြုချက်ရယူရန် လိုအပ်သည် မလိုအပ်သည်ဆိုသည်မှာ သုံးသပ်သင့်ကြောင်းနှင့် လိုအပ်ပါက ခွင့်ပြုချက် တင်ပြသွားမည်ဟု ဆက်လက်ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနား ဖြစ်မြောက်ရေး အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ စသည့်အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာအတွင်း ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်မှုနှင့် ပြည်သူများ ကျပ်တည်းမှုများ ဖြစ်ပေါ်လာမှု အပေါ် အကြောင်းပြု၍ သံဃာတော်များ အနေဖြင့် ပတ္တနိက္ကုဇ္ဇနကံဆောင်ကာ လမ်းမများပေါ်တွင် မေတ္တသုတ် ရွတ်ဖတ်မှုကို အစိုးရက အကြမ်းဖက်နှိမ်နင်း ဖြိုခွဲခဲ့ခြင်းဖြစ်သည်။
Eleven
No comments:
Post a Comment