Pages

Monday, September 30, 2013

နမ့်ဆန်ဒေသရှိ လက်ဖက်စိုက်ခင်းများတွင် မြေဆီလွှာ ခန်းခြောက်လာ၍ လှေကားထစ် ပုံစံဖြင့် ပြောင်းလဲစိုက်ပျိုး လာရ

    ရှမ်းပြည်နယ် နမ့်ဆန်ဒေသရှိ လက်ဖက်စိုက်ခင်းများအား စက်တင်ဘာလ တတိယပတ်က တွေ့ရစဉ်

30.9.2013

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ဒေသရှိ လက်ဖက်စိုက်ခင်းများတွင် မြေဆီလွှာ ခန်းခြောက်လာခြင်းကြောင့် မိုးရေကို ထိန်းသိမ်းထားနိုင်သည့် လှေကားထစ် စိုက်ပျိုးမှု ပုံစံများဖြင့် ပြောင်းလဲစိုက်လာကြောင်း သိရသည်။
နမ့်ဆန်ဒေသရှိ ပလောင်တိုင်းရင်းသားများသည် လက်ဖက်စိုက်ပျိုးရာတွင် ရှေးယခင်ပုံစံအတိုင်း စိုက်ပျိုး လာကြရာမှ ယခုအခါ မြေဆီလွှာ ခန်းခြောက်မှုများ ကြုံတွေ့လာရပြီး အထွက်နှုန်း တဖြည်းဖြည်းလျော့ကျ လာခြင်းကြောင့် ယခင်လက်ဖက် စိုက်ခင်းများကို စိုက်ပျိုးမှုပုံစံ အသစ်ဖြစ် သည့် လှေကားထစ် ပုံစံဖြင့် ပြုပြင်ပြောင်းလဲ စိုက်ပျိုးလာကြောင်း သိရသည်။

"ဒီဒေသမှာရှိတဲ့လက်ဖက်ပင်တွေက နှစ်ရှည်ပင်တွေ ဖြစ်သလို မြေဆီလွှာလည်း ခန်းခြောက်လာတော့ လက် ဖက် အထွက်နှုန်းက တဖြည်းဖြည်း လျော့ကျလာတယ်။ လှေကားထစ် စိုက်ခင်းက မိုးရေနဲ့ မြေဆီလွှာကို ထိန်းထားနိုင်တဲ့ အတွက် အထွက်နှုန်းပိုတယ်" ဟု ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြီးက ပြောကြားသည်။

နမ့်ဆန်ဒေသတွင် လှေကားထစ် စိုက်ပျိုးမှုပုံစံကို လွန်ခဲ့သည့် တစ်နှစ်ခန့်က စတင်ပြောင်းလဲ စိုက်ပျိုး လာခဲ့ပြီး ငွေကြေးတတ်နိုင်သည့် ခြံရှင်များသာ တွင်တွင် ကျယ်ကျယ် ပြောင်းလဲ စိုက် ပျိုး နိုင် ခဲ့ပြီး ငွေကြေးမတတ်နိုင်သည့် ခြံရှင်များသည်ယခုနှစ် မေလပိုင်းမှသာ ပြောင်းလဲစိုက်ပျိုးနိုင်ကြောင်း၊ လှေကားထစ် လက်ဖက်စိုက်ခင်း တစ်ဧကလျှင် လက်ဖက်အပင် ၅၄၄၅ စိုက်ပျိုးနိုင်ပြီး သာမန်ရိုးကျ လက်ဖက်စိုက်ခင်း တစ်ဧကတွင် လက်ဖက်အပင် ၁၅၀၀ သာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

"နဂိုသာမန်ရိုးကျလက်ဖက်စိုက်ခင်းကို လှေကားထစ်ပုံစံ ပြင်စိုက်လိုက်မယ်ဆိုရင် အနည်း ဆုံး ခြောက်နှစ်လောက်မှ စားလို့ရတာ။ လှေကားထစ် စိုက်ခင်းမှာဆိုရင် တစ်ပင်နဲ့တစ်ပင် တစ်ပေခွဲခြားပြီး စိုက်နိုင်တယ်။ လှေကားထစ်ပုံစံက အပင်အရေအတွက် တိုးစိုက်လို့ ရသလို ပေါင်းရှင်း ရတာလည်း သက်သာ တယ်" ဟု လက်ဖက်ခြံပိုင်ရှင် ပလောင်တိုင်းရင်းသား တစ်ဦးက ပြောကြားသည်။

နမ့်ဆန်မြို့နယ်တွင် လက်ဖက်စိုက်ဧက လေးသောင်းခန့်ရှိပြီး လှေကားထစ် လက်ဖက်စိုက်ခင်း ဧက ၃၂၅ ဧကရှိကြောင်း သိရသည်။

eleven

No comments:

Post a Comment