Pages

Tuesday, September 24, 2013

ရှေးဟောင်းပစ္စည်းများသယ်ဆောင်လာသူ ဖမ်းဆီးအရေးယူ



24.9.2013

၂၃-၉-၂၀၁၃ ရက်နေ့ ၀၃၄၅ အချိန် ရှမ်းပြည်နယ်၊ မူဆယ်မြို့၊  ကောင်းမှုတုံရပ်ကွက်၊ တက်ခမ်း ဟိုတယ်အနီး၊ နှစ်နိုင်ငံခြံစည်းရိုးခိုးဝင်ပေါက်တွင် မူဆယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ စဥ့်အိုးတန်းလမ်းနေ မရင်ရင်ရွှေ(၃၂)နှစ် ယူဆောင်လာသည့် စက္ကူဂျပ်ဖာ များအားစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ အ၀ါရောင်ပေရွက်နှင့် ရွှေရောင်ပေရွက်များပေါ်တွင် ဘုရားပုံတော် များရေးဆွဲထားသည့် ပေပုရပိုက်(၃၀၀)ခု၊ ယွန်းပြားဖြင့် ပြုလုပ်ထားသည့် ရွှေရောင်နှင့် အနက်ရောင် ရုပ်ပုံစာတန်းများပါ ယွန်းပြား(၁၂၃)ချပ်၊ သစ်သားဖြင့်ပြုလုပ် ထားသည့် ရုပ်ပုံများပါ ငွေရောင် သစ်သားပြား(၁၉)ချပ်၊ ကြေးဆင်းတုတော်(၅)ဆူ၊ အညိုရောင် မဟာ ပိန္နဲရုပ် ကြေးသွန်း ဆင်းတုတော်(၁)ဆူနှင့် ဆင်ခံမြင်းခံကြေးသွန်းဆင်းတုတော်(၁)ဆူတို့အား သိမ်းဆည်း ရမိခဲ့သဖြင့် မရင်ရင်ရွှေအား မူဆယ်မြို့ မရဲစခန်း (ပ)၂ ၁၇/၂၀၁၃၊ ရှေးဟောင်းသတ္တုပစ္စည်းများ အက်ဥပဒေပုဒ်မ ၇(၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment