Pages

Thursday, September 19, 2013

ဆီးရီးယားသူပုန် ဓာတုလက်နက်သုံးကြောင်း ရုရှားက သက်သေပြမယ်


ဆီးရီးယားနိုင်ငံရဲ့ ဓာတုလက်နက်မှာ ဘယ်ဖက်က အသုံးပြုခဲ့တယ် ဆိုတာနဲ့ပတ်သက်ပြီး ရုရှားနဲ့ ပြင်သစ်နိုင်ငံတို့ အငြင်းပွားကြပြီးနောက် ဓာတုလက်နက်တွေကို ဆီးရီးယားသူပုန်တွေ အသုံးပြုကြောင်း သက်သေသာဓကတွေ ဖော်ပြမယ်လို့ ရုရှားနိုင်ငံက ပြောလိုက်ပါတယ်။

ဇာတ်လမ်း လုံခြုံရေးကောင်စီရဲ့ ဆီးရီးယားဆုံးဖြတ်ချက်မူကြမ်းကို ရုရှားကန့်ကွက်ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဓာတုလက်နက် အသုံးပြုခဲ့ကြောင်း ပြောဆိုပေမယ့် ဆီးရီးယား အစိုးရတပ်က အသုံးပြုတာလား၊ ဆီးရီးယား သူပုန်ဖက်က အသုံးပြုတာလား ဆိုတာတော့ ဖော်ပြထားတာ မရှိပါဘူး။

ပြင်သစ်နဲ့ တချို့နိုင်ငံတွေကတော့ ဆီးရီးယားအစိုးရတပ်က ဓာတုလက်နက်တွေ အသုံးပြုတာလို့ စွပ်စွဲတဲ့အပေါ် ဆီးရီးယားအစိုးရရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံအငြင်းပွားနေပြီး ရုရှားအနေနဲ့ ဆီးရီးယားအစိုးရကနေ ပံ့ပိုးထားတဲ့ အချက်အလက်တွေယူပြီး ဓာတုလက်နက်တွေကို သူပုန်တွေအသုံးပြုကြောင်း သက်သေထူသွားမယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ တင်ပြသွားမယ်လို့ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergie Lavrov က ပြောပါတယ်။ရုရှားနိုင်ငံ ဒုနိုင်ငံခြားရေး ဝန်ကြီးကလည်း ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေဟာ နိုင်ငံရေးဘက်လိုက်မှုပါနေပြီး တဖက်သတ်ဆန်တယ်လို့လည်း ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံရဲ့ စွပ်စွဲချက်ကို ကုလသမဂ္ဂက ပယ်ချလိုက်ပြီး ကုလသမဂ္ဂအနေနဲ့ သေချာစစ်ဆေးပြီးမှ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ပြောဆိုမှုကို ပြင်သစ်နိုင်ငံက ထောက်ခံလိုက်ပြီး ရုရှားအစိုးရရဲ့ သဘောထားအပေါ် အံ့အားသင့်မိတဲ့အကြောင်း ရုရှားနိုင်ငံရဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂအပေါ် မေးခွန်းထုတ်နေသလိုနဲ့ စုံစမ်းစစ်ဆေးမှုလုပ်ခဲ့သူတွေအပေါ် မေးခွန်းထုတ်နေသလို ဖြစ်နေတယ်လို့ ပြောလိုက်ပါတယ်။

ABC

No comments:

Post a Comment