Pages

Thursday, September 19, 2013

ကြံ့ခိုင်မှုအားနည်းယာဉ်နေရာ အစားထိုးယာဉ်များပြေးဆွဲရန်စီစဉ်နေ



ရန်ကုန်တိုင်းဒေသကြီးရှိ မြို့တွင်း၌ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ကားများ၌ လက်ရှိ အခြေအနေ အရပြေးဆွဲရန် မသင့်တော် တော့သည့် ကြံ့ခိုင်မှုအားနည်းလာသော ယာဉ်ဟောင်းများကို ပြန်လည်အပ်နှံ၍ ၄င်းယာဉ်များနေရာ အစားထိုးယာဉ်ပြေးဆွဲနိုင်ရန် ဒိုင်နာယာဉ်များအား ဥပမာပေး၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ မထသ(ဗဟို)မှ တရားဝင် စာတင်ထားသည်ဟု မထသဥက္ကဋ္ဌ ဦးလှအောင်ကဆိုသည်။

“လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက တရားဝင်စာတင်ထားတယ်။ အရင်တုန်းက နှုတ်နဲ့ပဲ ဆွေးနွေးမှု လုပ်ခဲ့တယ်။ အခု အချိန်ထိတော့ အပ်ခွင့် မရသေးပါဘူး။ အပ်ခွင့်ရလာခဲ့ရင် အခြားယာဉ်လိုင်းတွေပါ အပ်နှံလာနိုင်တယ်”ဟု ဦးလှအောင်က ပြောကြားခဲ့သည်။


(မြစ်မခ) 

No comments:

Post a Comment