Pages

Thursday, September 19, 2013

မွန်နဲ့ ပဲခူးတိုင်းရှိ ရွာ ၂၃၀ မှာ နေစွမ်းအင်နဲ့ မီးပေးစနစ် သုံးမယ်



၁၉.၉.၂၀၁၃၊ ကြာသပတေးနေ့

လျှပ်စစ်မီးရရှိဖို့ ခက်ခဲတဲ့ မွန်ပြည်နယ် သ၀ါးတောကျေးရွာ၊ ပဲခူးတိုင်း ထုံးတောင်ကျေးရွာတွေမှာ ရှိတဲ့ အိမ်ထောင်စုပေါင်း ၂၃၀ အတွက် နေရောင် ခြည်နည်းပညာသုံး မီးပေးစနစ်နဲ့ လျှပ်စစ်မီးပေးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာနည်းစနစ်နဲ့ လျှပ်စစ်မီး ဖြန့်ဝေခြင်းဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ဒီနည်းပညာကို အသုံးပြုနိုင် ဖို့ သ၀ါးတောကျေးရွာနဲ့ ထုံးတောင်ကျေးရွာ မှာနေထိုင်တဲ့ အသက် ၄၀ကျော်အရွယ် ပညာအရည်အချင်း အတန်အသင့် သာရှိတဲ့ အမျိုးသမီးကြီး ၆ ဦးကို အိန္ဒိယနိုင်ငံ Barefoot ကောလိပ်မှာ ၆လကြာ သွားရောက်သင်ကြား ခိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပညာအတန်အသင့်သာရှိပြီး ဘာသာစကားမတတ်ကျွမ်းတဲ့ အတွက်သင်တန်း ကာလမှာ အခက်အခဲတွေ၇ှိခဲ့သလို ကိုယ်ဟန်လက်ဟန်ပြဘာသာရပ်နဲ့သင်ကြားတတ်မြောက်ခဲ့တာဖြစ်တယ်လို့ အသက်၅၇ နှစ် အရွယ် ဒေါ်နော် အေးစိန်က ပြောပါတယ်။

“ပညာသင်တာ အခက်အခဲရှိတာ စကားမှနားမလည်တာ။ စကားနားမလည် တော့သူများကြည့်တယ်။ သူများလုပ်တဲ့ အမူအရာတွေပဲလိုက်လုပ် ရတယ် ပေါ့။ နောက်ပိုင်းကျတော့ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်ကြီး တစ်အုပ်ရှိ တယ်။ ၃ ရက်လောက်ပဲ၇ှိသေးတယ်ပေးထားတာ။ အဲ့စာအုပ်ကြီးကြည့်ပြီး တော့ နည်းနည်းပါးပါး နားလည်တဲ့ သားသမီးတွေ မေးမှာပေါ့။”

ဒီအမျိုးသမီးကြီး ၆ ယောက်ကို နေစွမ်းအင် အင်ဂျင်နီယာအဖြစ်နဲ့ ခန့်အပ်မှာ ဖြစ်ကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဖြန့်ဝေခြင်းအတွက် လျှပ်စစ် မီး အသုံးပြုခကို သတ်မှတ်ကောက်ခံသွားမှာ ဖြစ်ပြီး ရရှိလာတဲ့ ငွေကြေး ကနေ ဆိုလာစက်များရဲ့ ပြုပြင်စရိတ်၊ ဘတ္တရီအစားထိုးစရိတ် နဲ့ နေစွမ်းအင် အင်ဂျင်နီယာ အမျိုးသမီးကြီး ၆ ဦး ကို လစာငွေအဖြစ်ပေးအပ်သွားမှာ ဖြစ်တယ်လို့ မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Barefoot ကောလိပ်မှာ နေစွမ်းအင် အင်ဂျင်နီယာ အမျိုးသမီး ကြီး ၆ ဦးပြုလုပ်ခဲ့တဲ့ နေရောင်ခြည်စွမ်းအင်သုံး စက်နဲ့ အပို ပစ္စည်းတွေကို အိန္ဒိယနိုင်ငံကနေ သဘောင်္နဲ့ ပို့ဆောင်နေပြီဖြစ်ပြီး ၊ နေစွမ်းအင် အင်ဂျင်နီယာ အမျိုးသမီးကြီး ၆ ဦးကတော့ စက်တင်ဘာ ၁၆ရက်နေ့က အိန္ဒိယ နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ အကြောင်း ရေဒီယို သြစတြေးလျသတင်းထောက် ဆုဝေက သတင်းပေးပို့ထားပါတယ်။

ABC

No comments:

Post a Comment