Pages

Thursday, September 12, 2013

ကွေ့မည့်ယာဉ်မောင်း နှင့်နောက်မှယာဉ်မောင်းတို့စကားများရာမှ ၀က်အူလှည့်ဖြင့်ထိုး

12.9.2013

၁၁.၉.၂၀၁၃ ရက်နေ့ ၁၁၀၀ အချိန် တောင်ဥက္ကလာပမြို့နယ်နေ
ဒေါ်အေးအေးမြင့်သည် နေအိမ်၌ရှိနေစဉ် သားဖြစ်သူမောင်ဇေယျာမင်း၊ အငှားယာဉ်မောင်းမှာ ဒဏ်ရာများဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့
ရောက်ရှိနေကြောင်းသိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ သားဖြစ်သူတွင် ယာလက်ဖျံ၌ ထုတ်ချင်းပေါက်ဒဏ်ရာ(၁)ချက်နှင့် ၀ဲလက်မောင်း
ပွန်းခြစ်ဒဏ်ရာ(၁)ချက်တို့ရရှိထားသည်ကို တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်ရာ မောင်ဇေယျာမင်းသည် နံနက်(၀၉၀၀)အချိန်ခန့်က သင်္ဃန်းကျွန်း မြို့နယ်၊ ရတနာလမ်း၊ မလိခအိမ်ယာအနီးလမ်းကွေ့တွင် ၎င်းမောင်းနှင်လာသည့် AA/---- ပရိုဘောက်အငှားယာဉ်အား အချက်ပြပြီးကွေ့ရန်ပြုလုပ်နေစဉ် ၎င်း၏ယာဉ်နောက်မှမောင်းနှင်လျက်ရှိသော ယာဉ်အမှတ် ၈ဆ/----- လိုက်ထရပ်ယာဉ်မှာ အဆက်မပြတ်ဟွန်းတီးကာ ညစ်ညမ်းစွာ ဆဲဆိုနေသဖြင့် ကားကွေ့ရန်အတွက်အချက်ပြထားသည်ကို
မတွေ့ဘူးလားဟု ပြန်လည်ပြောဆိုခဲ့ကြောင်း၊ ထိုသို့စကားများခဲ့သဖြင့် ၈ဆ/---- ယာဉ်မောင်းမှ ကားပေါ်မှဆင်းလာပြီး ၀က်အူလှည့် ဖြင့်ထိုးခဲ့၍ ရရှိခဲ့သည့်ဒဏ်ရာများဖြစ်ကြောင်းကိုပြောပြသိရှိသဖြင့် ၈ဆ/---ယာဉ်မောင်းအား အရေးယူပေးရန် ဒေါ်အေးအေးမြင့်မှ
တိုင်တန်းခဲ့၍ သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၃၇၇/၂၀၁၃၊ 
ပုဒ်မ ၂၉၄/၃၂၆ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment