The Voice Weekly
Pages
▼
Saturday, September 14, 2013
MPT က ပြည်ပကုမ္ပဏီများနှင့်အပြိုင်ဖုန်းခေါ်ဆိုခများလျှော့မည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က တယ်လီနော၊ အော်ရီဒူးစသော ပြည်ပဆက်သွယ်ရေးကုမ္ပဏီများနှင့် အပြိုင် တယ်လီဖုန်းခေါ်ဆိုခများ လျှော့ချကောက်ခံမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က ပြောကြားသည်။“ခန့်မှန်းခြေတော့ ကျွန်တော်မပြောနိုင်သေးပါဘူး။ သေချာတာကတော့ တယ်လီနောနဲ့ အော်ရီဒူးထက် ကျွန်တော်တို့ များဖို့မရှိပါဘူး” ဟု လျှော့ချမည့် နှုန်းထားနှင့် ပတ်သက်၍ ၎င်းကပြောဆိုသည်။ဖုန်းခေါ်ဆိုခ လျှော့ချမည့် အချိန်ကိုလည်း အတိအကျ မပြောနိုင်သေးဘဲ စီစဉ်ဆဲသာ ရှိကြောင်း ၎င်းကဆိုသည်။အင်တာနက် ချိတ်ဆက်ခ နှုန်းထားများကိုလည်း နောက်ပိုင်းတွင် အခြေအနေပေါ် မူတည်၍ ကောက်ခံချင်မှ ကောက်ခံတော့မည် ဖြစ်ကြောင်း ဦးအောင်မော်က ပြောဆိုသည်။ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနသည် လက်ရှိတွင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သော တယ်လီနောနှင့် အော်ရီဒူးတို့ကို ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ရန် ခွင့်ပြုထားပြီး ဖြစ်သည့် အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အသွင်ပြောင်းလဲ ဖွဲ့စည်းမည့် မြန်မာတယ်လီကွန်နှင့် ရတနာပုံတယ်လီပို့ကို အသွင်ပြောင်းလဲ ဖွဲ့စည်းမည့် ရတနာပုံ တယ်လီကွန်တို့မှာ အဆိုပါ ပြည်ပဆက်သွယ်ရေးကုမ္ပဏီများနှင့် ဈေးကွက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
The Voice Weekly
The Voice Weekly
No comments:
Post a Comment