Pages

Thursday, September 19, 2013

Sea Games အမီ ယာဉ်ကြော လမ်းညွှန်စနစ် မီးပွိုင့်နှစ်ခုကို မန္တလေးမြို့တွင် ထပ်မံတပ်ဆင်လျက်ရှိ

19.9.2013

လာမည့် ဒီဇင်ဘာလတွင် မြန် မာနိုင်ငံတွင်ကျင်းပမည့်Sea Games  အမီ  ယာဉ်ကြောလမ်းညွှန်စနစ် (Traffic Guidence System) မီးပွိုင့်အသစ်နှစ်ခုကို မန္တလေးမြို့ ၇၈ လမ်းနှင့်  သိပ္ပံလမ်းဆုံတွင်လည်း ကောင်း၊ ၆၂-လမ်းနှင့် သိပ္ပံလမ်းဆုံ တွင်လည်းကောင်း တပ်ဆင်သွားမှာ ဖြစ်၍ အသစ်တည်ဆောက်ထားသည့် အဆင့်မြင့်  ဘောလုံးကွင်းအားကစား ရုံးနှင့်ဆက်စပ်သော အဓိကလမ်းများ ဖြစ်ကြောင်း သိရသည်။

“Sea Games  ကျင်းပရာမှာ အဓိက လမ်းဆုံတွေဖြစ်လို့  ယာဉ် ကြောရှင်းလင်းအောင် လုပ်တာပါ။ Digital မီးပွိုင့်လို့  အလွယ်တကူပြော ကြတယ်။ ပုဂ္ဂလိက လုပ်နိုင်မယ့်သူ တွေကို အိတ်ဖွင့်တင်ဒါခေါ်ခဲ့ပြီး ဇာ နည်အီလက်ထရောနစ်က တစ်နေရာ ကို သိန်း ၂၂၀ နဲ့ တင်ဒါရသွားတာ ပါ။ ဆက်လက်လုပ်ဆောင်မယ့် မီး ပွိုင့် ၆-ခုကျန်သေးတယ်}} ဟု စည် ပင်သာယာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးမြို့ရှိ လမ်းဆုံမီးပွိုင့် များ၊ လမ်းအမှတ်အသားများကို မြို့ တော်စည်ပင်သာယာရေးကော်မတီ မှ တာဝန်ယူ လုပ်ဆောင်ပေးခြင်းဖြစ်၍ မီးပွိုင့်ပေါင်း  ၂၉-ခုရှိကြောင်း၊ Traffic Guidence System မီးပွိုင့် ၂-ခု ကို ရန်ကုန်-မန္တလေးအမြန်လမ်း နှင့် စစ်ကိုင်းလမ်းခွဲတွင်လည်းကောင်း၊ ၂၆-လမ်း နှင့် ၆၆-လမ်းတွင်လည်း ကောင်း၊ ပြီးခဲ့သည့်နှစ်ကတပ်ဆင်ပေး ခဲ့ရာ ၄င်းနှစ်ခုအတွက် သိန်း ၆၃၀ သုံးစွဲခဲ့ကြောင်း သိရသည်။

အဆိုပါ မီးပွိုင့်များကို ၂၆-လမ်း၊ ၇၈-လမ်းဆုံ၊ ၂၈-လမ်း၊ ၈၀- လမ်းဆုံ၊ ၂၆-လမ်း၊ ၈၄- လမ်းဆုံ၊ ၃၅-လမ်း၊ လမ်း ၈၀ လမ်းဆုံ၊ ၇၈- လမ်း၊ ၄၂-လမ်း၊ လမ်းဆုံတို့တွင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“ မီးပွိုင့်တွေ ရေရှည်ကောင်း မွန်ဖို့လိုတယ်။ ၃-လကျော်လောက် ကြာရင် မီးပွိုင့်တွေ အလုပ်မလုပ်တာ ဖြစ်လာရင် ပြည်သူတွေက ယာဉ် ထိန်းရဲကို ပြဿနာရှာကြတယ်။ စည် ပင်က ချက်ချင်းလာပြင်ပေးဖို့လိုတာ ပေါ့။ နှစ်ရှည်ကောင်းမွန်တဲ့ နည်း ပညာအရည်အသွေးနဲ့ တည်ဆောက် တဲ့ အချက်ပြစနစ်ဖြစ်ရမယ်။ နောက် ပိုင်း ထိန်းသိမ်းပြုပြင်မှုတွေ လုပ်ပေး ရမယ်” ဟု ယာဉ်ထိန်းရဲအရာရှိ တစ် ဦးကပြောသည်။

ယာဉ်ကြော လမ်းညွှန်စနစ် မီးပွိုင်များ၏အမြင့်မှာ ပေ ၂၀ ၀န်းကျင်နှင့်လက်မောင်းတန်းအရှည်  ပေ-၃၀အတွင်းရှိရန် ကန့်သတ်ထား ပြီး    မြို့တော်စည်ပင်သာယာမှ တင်ဒါခေါ်ယူစဉ်က  လုပ်ငန်းရှင် ပေါင်း ၁၂ ဦးကျော်သည် မီးပွိုင့်တစ် စုံလျှင် ကျပ်သိန်း ၁၆၀ မှ ကျပ်သိန်း ၂၈၀ အတွင်း တင်ဒါတင်သွင်းခဲ့သည် ဟု  ပြင်ပသတင်းရပ်ကွက်မှ သိရ သည်။  

Auto World

No comments:

Post a Comment