Pages
▼
Monday, October 14, 2013
လေဘာပါတီ ခေါင်းဆောင်အဖြစ် Bill Shorten ရွေးချယ်ခံရ
Monday, October 14, 2013
သြစတြေးလျနိုင်ငံ အဓိက အတိုက်အခံ လေဘာပါတီက ပါတီခေါင်းဆောင်သစ် ရွှေးချယ်ခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ အလုပ်သမားရေးရာ ၀န်ကြီးဟောင်း Bill Shorten ကို ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြောက်လိုက်ပါတယ်။
လေဘာပါတီခေါင်းဆောင်နေရာကို Bill Shorten နဲ့ ဒုဝန်ကြီးချုပ်ဟောင်း Anthony Albanese တို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ် ပြီးတော့ Bill Shorten က မဲအနိုင်ရခဲ့တာဖြစ်ပါတယ်။
ပါတီခေါင်းဆောင်သစ်ဖြစ်လာတဲ့ Bill Shorten ဟာ ဒီကနေ့မှာတော့ မြို့တော် ကင်ဘာရာမှာရှိတဲ့ လေဘာပါတီ အမတ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ပါတီရဲ့ ဒုတိယ ခေါင်းဆောင်နေရာနဲ့ ပါတီတွင်း ရှေ့တန်းနေရာမှာ တာဝန်ယူရမယ့် အဖွဲ့ကို ရွေးချယ်ဆုံးဖြတ်မှာဖြစ်ပါတယ်။
ပါတီရဲ့ ဒုတိယ ခေါင်းဆောင်နေရာကိုတော့ လွှတ်တော်အမတ်ဖြစ်တဲ့ Tanya Plibersek ဖြစ်လာဖို့များတယ်လို့ ခန့်မှန်းနေကြပါတယ်။
ABC

No comments:
Post a Comment