Pages

Monday, October 14, 2013

ကြေးနီစီမံကိန်းမြေပါ စိုက်ခင်းတွေကို အာဏာပိုင်တွေ ဖျက်ဆီးနေလို့ဆို


Monday, October 14, 2013

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသတွင်းက ကြေးနီစီမံကိန်းကြောင့် မြေယာလျော်ကြေး မယူ ထားတဲ့ နှမ်းစိုက်ခင်းတွေ ကို ဒေသအာဏာပိုင်တွေနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့က မြေတူးစက်တွေနဲ့ ဖျက်စီးပြီး အတင်း အဓမ္မ ခြံစည်းရိုးခတ်တာတွေပြုလုပ်နေတယ်လို့ လက်ပံတောင်းတောင် ဒေသခံ တွေကပြောပါတယ်။

လုံထိန်းအင်အား တစ်ထောင်ကျော်လောက် အသုံးပြုပြီး အခုလိုမျိုး လုပ်ဆောင်နေတာ ဖြစ်တယ်လို့တုံရွာ ဒေသခံ ကိုအောင်မြသန်းက ယခုလိုပြောပါတယ်။

“ကျွန်တော်တို့ မြေယာလျော်ကြေးမယူထားတဲ့ အခင်းတွေကို သူတို့က အတင်းပေါ့နော်။ ရဲတွေက တရုတ်တွေကို အကာ အကွယ်ပေးပြီး တရုတ်တွေက ဝင်ခတ်တယ်။အခုဆိုရင် အင်အားတွေ သုံးပြီး ရဲအင်အား တစ်ထောင်ကျော်လောက် သုံးပြီး ခြံစည်း ရိုးတွေ ဝင်ခတ်တယ်။ ဒီဘက်က ဒေသခံတွေ သူတို့ရဲ့ ယာခင်းတွေမှာစိုက်ပျိုးထားတဲ့ အပင်တွေ၊ ပန်းပင်တွေ အကုန်ကုန်ပြီ။ နောက် အခုဆိုရင်ဆက်တွေကို ဒါရိုက်မောင်း ပြီးတော့ သူတို့ရဲ့ အခင်းတွေကို ထိုးနေတယ်။ 

အခုဒေသခံတွေက ကြေကွဲစွာနဲ့ဘဲ လက်ပိုက်ပြီးတော့ ကြည့်နေရတယ်။”

ဒေသခံ အာဏာပိုင်တွေဘက်က လုပ်ငန်းကော်မတီနဲ့ ဒေသခံတွေ ညှိနှိုင်းမှု မရမခြင်းခြံစည်းရိုးခတ်တာတွေ မပြုလုပ်တော့ ဘူးလို့ အောက်တိုဘာလ ၆ ရက်နေ့က ကတိပေးပြောကြားခဲ့ပေမယ့် အခုချိန်မှာတော့ ခြံစည်းရိုးခတ်တာအပြင် ရိတ်သိမ်း ရတော့မယ့် သီးနှံတွေကိုပါ ဖျက်စီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို စိုက်ခင်းတွေကို ဖျက်စီးတာတွေကြောင့် ဒေသခံတွေနဲ့ လုံထိန်းတွေအကြားတင်းမားမှုတွေဖြစ်ပေါ်နေပြီး လုံထိန်းတွေ ဘက်ကလည်း အကြမ်းဖက် ဖြိုခွင်းမယ့်ပုံစံတွေ ပြင်ဆင်ထားတယ်လို့ တုံရွာက လယ်သမားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုအောင်သန်းမျိုးကပြောပါတယ်။

“ကျွန်တော်တို့ကတော့ မိမိရဲ့ယာခင်းတွေပေါ်မှာ ဆက်မခတ်နဲ့လို့ပြောမှာ၊ ဆက်ခတ်နေရင် ဒါမျိုး ကျွန်တော်တို့က တစ်နေ့ မဟုတ် တစ်နေ့ ပြသနာဆိုတာ အကြီးအကျယ် တက်နေမှာပဲ။ လုံထိမ်း တွေရဲ့ သဏ္ဍန်ကလည်း ဒေသခံတွေ ကို စိတ်မကြွကြွ အောင် နည်းနည်းလေး လှုံဆော်တဲ့ သဘော မျိုးတွေနဲ့ ဒါကသူတို့လုပ်လို့ ကျွန်တော်တို့ လုပ်ရပါတယ်ဆိုတဲ့ ဂွင်မျိုး သူတို့ကအမျိုးမျိုး ဖန်နေတာ ကျွန်တော်တို့ ဒေသခံတွေကလည်း အဲဒါကိုမဖြစ်မနေထိမ်းသိမ်းပြီး အလုပ်လုပ်လုပ်နေရ ပါတယ်။”

အခုလို တစ်ဖက်နဲ့တစ်ဖက် တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမျိုး မဖြစ်အောင် ရွာလုံခြုံရေးကိုတိုးမြှင့်ထားတယ်လို့လည်း ဆိုပါတယ်။

လက်ပံတောင်းတောင် ဒေသမှာ မြေယာလျော်ကြေး မယူတဲ့ ကျေးရွာပေါင်း ၁၃ရွာရှိတယ်လို့ သိရတဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

ABC

No comments:

Post a Comment