ဂျာမနီအဓိပတိမာခယ်လ်၏ မိုဘိုင်းဖုန်းအား အမေရိကန်က ၂၀၀၂ ခုနှစ်မှ စတင်လျှို့ဝှက်ထောက်လှမ်းခဲ့
28-10-2013
ဂျာမနီအဓိပတိမာခယ်လ်၏ မိုဘိုင်းဖုန်းအားအမေရိကန်နိုင်ငံမှ
၂၀၀၂ ခုနှစ်မှ စတင်ကာ လျှို့ဝှက် ထောက်လှမ်း ခဲ့မှုများ ပြုလုပ်ခဲ့သည်ဟု Der
Spiegel မဂ္ဂဇင်းမှ ဖော်ပြခဲ့သည် ဟု အောက်တိုဘာ ၂၇ ရက်က ဘီဘီစီသတင်းဌာနမှ
ဖော်ပြထားသည်။
ယင်းဂျာမန်သတင်းစာ၌ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ၏ လျှို့ဝှက်မှတ်တမ်းများတွင် မာခယ်လ်အဓိပတိမဖြစ်မီ ၂၀၀၂ ခုနှစ်မှ စတင်ကာ သူမ၏ဖုန်းနံပါတ်ပါဝင်နေသည်ကို ပြသထားသည်။
သူမ၏ ဖုန်းနံပါတ်မှာ ၂၀၁၃ ခုနှစ်အထိ လျှို့ဝှက်စောင့်ကြည့်မှုစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်။ တစ် ချိန်တည်းတွင် NSA ၏ လျှို့ဝှက်စောင့်ကြည့်မှုအစီအစဉ်အား ကန့်ကွက်သည့်ဆန္ဒပြမှုတစ်ရပ်ဝါရှင်တန် တွင် ပေါ်ပေါက်ခဲ့သည်။
ထောင်ပေါင်းများစွာသော ဆန္ဒပြသမားများကလျှို့ဝှက်စောင့်ကြည့်မှုအစီအစဉ်အား ကန့်သတ် ရန် တောင်းဆိုခဲ့ကြသည်။ အချို့သော ဆန္ဒပြသမားများကလည်း ၏ လျှို့ဝှက်ချက်များအားဖောက်ချခဲ့ သည့်ဝန်ထမ်းဟောင်း စနိုးဒန်အားထောက်ခံသည့် စာတမ်းများအားကိုင်ဆောင်ခဲ့ကြသည်။
မစ္စမာခယ်လ်၏ မိုဘိုင်းဖုန်းအားစောင့်ကြပ်ကြည့်ရှုခဲ့ပုံ အသေးစိတ်ဖိုင်များမှ ရှင်းရှင်းလင်းလင်း မသိခဲ့ရဟုလည်း Der Spiegel မှ ရေးသား ဖော်ပြထားသည်။
ဥပမာ ဂျာမနီအဓိပတိမာခယ်လ် ဖုန်းမှတစ်ဆင့် ပြောဆိုဆွေးနွေးမှုများအား
မှတ်တမ်းတင်ခြင်း သို့မဟုတ် ဆက်သွယ်မှုများအား ရိုးရိုးတန်းတန်းလေ့လာခြင်း
ဖြစ်နိုင်ချေရှိသည်။
ဂျာမနီနိုင်ငံအား စိတ်ဆိုးဒေါသထွက်မှုများအား ဖြစ်စေခဲ့သည့် လျှို့ဝှက်စောင့်ကြည့်မှုများအား
စုံစမ်းစစ် ဆေးမှုတစ်ရပ် ပြုလုပ်ရေးအားဖိအားပေးရန်အတွက်
လာမည့်သီတင်းပတ်တွင် ဂျာမနီထောက်လှမ်းရေး အကြီးအကဲများအား
အမေရိကန်နိုင်ငံသို့ စေလွှတ်တော့မည် ဖြစ်သည်။
လွန်ခဲ့သော သောကြာနေ့တွင် ဂျာမနီနှင့်ပြစ်သစ်နိုင်ငံတို့မှ မိမိတို့အနေဖြင့် အမေရိကန်နိုင်ငံအား လျှို့ ၀ှက်စောင့်ကြည့်မှု မပြုလုပ်ရေးသဘောတူညီချက်အား ယခုနှစ်ကုန်တွင်လက်မှတ်ရေးထိုးစေလိုကြောင်း ပြောကြားလိုက်သည်။
NSA မှာ အဓိပတိမာခယ်လ်၏ ဖုန်းကိုသာမက ပြင်သစ်နှင့် ဂျာမဏီနိုင်ငံသားများ၏ သန်းပေါင်းများစွာ သောတယ်လီဖုန်းခေါ်ဆိုမှုများကိုလည်း စောင့်ကြည့်လေ့လာခဲ့သည်ဟု စွပ်စွဲမှုများ ရှိနေသည်။
BBC
No comments:
Post a Comment