Pages

Monday, October 28, 2013

ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံရေးအကျပ်အတည်းများရှောင်ရှားနိုင်ရန်အတွက် အတိုက်အခံခေါင်းဆောင်နှင့် ၀န်ကြီးချုပ်ဆွေးနွေးမည်

28-10-2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၀န်ကြီးချုပ်ရွေးချယ်ရန်အတွက် ကျင်းပမည့်လာမည့်ရွေးကောက်ပွဲတွင် အကျပ် အတည်းများရင်ဆိုင်ကြုံတွေ့ရခြင်းမှာ ရှောင်ရှားနိုင်ရန်အတွက် အတိုက်အခံခေါင်းဆောင် Kha- leda Zia နှင့် လက်ရှိဝန်ကြီးချုပ် Sheikh Hasina ဆွေးနွေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၇ ရက်က ဘီဘီစီ သတင်းဌာနမှ ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးမှာဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင်ထမ်းဆောင်ပြီးဖြစ်သည့် လက်ရှိဝန်ကြီး ချုပ် Hasina နှင့် အတိုက်အခံခေါင်းဆောင် Zia တို့ အကြားရှိ ခါးသီးသောပြိုင်ဆိုင်မှုများအကြား ကျ ရောက်နေပြီမှာ နှစ်ပေါင်းနှစ်ဆယ်ရှိခဲ့ပြီဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ပြောဆိုဆွေးနွေးမှုများလည်း မရှိ သလောက်ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦး ယခုကဲ့သို့စကားပြောဆိုခဲ့သည့် နောက်ဆုံးအကြိမ်မှာလွန်ခဲ့သော ဆယ်နှစ်ခန့်က ဖြစ်သည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

“ခေါင်းဆောင်နှစ်ဦးစလုံးက တယ်လီဖုန်းကနေတစ်ဆင့် ဆွေးနွေးကြမှာပါ” ဟု ၀န်ကြီးချုပ် Hasina ၏ လက်ထောက်ဖြစ်သူ Mahbubul Haque Shakil က ပြောကြားလိုက်သည်။ အတိုက်အခံခေါင်းဆောင် Zai ၏ ပြောခွင့်ရပုဂ်္ဂိုလ် Maruf Kamal Khan ကလည်း တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမည်ဆိုသည် အား အတည်ပြုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အတိုက်အခံခေါင်းဆောင် Zia ၏ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) အား ထောက်ခံသူများ၊ ယင်းပါတီ၏ အစ္စလာမ်မဟာမိတ်များနှင့် အာဏာရပါတီဝင်များ၊ ရဲများအကြား လွန်ခဲ့ သောသောကြာနေ့တွင် နိုင်ငံအတွင်းရှိမြို့များတွင် ထိပ်တိုက်တွေ့ဆုံပြီးနောက် အခြေအနေတင်းမာမှု များမြင့်တက်လာခဲ့သည်။ ထိပ်တိုက်တွေ့ဆုံမှုများအတွင်း လူခုနစ်ဦးသေဆုံးခဲ့ပြီး ရာပေါင်းများစွာလည်း ဒဏ်ရာရခဲ့သည်။

လမ်းများပေါ်သို့ အစုလိုက်အပြုံလိုက်ထွက်လာခဲ့သည့် ထောင်နှင့်ချီသော အတိုက်အခံဆန္ဒပြသမားများ အားရဲများက သေနတ်များဖြင့်ပစ်ခတ်ခဲ့သည်။


BBC

No comments:

Post a Comment