FROM : People power
30.10.2013
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သောဆွေးနွေးချက်များကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့်ပြု လုပ်မည်ဖြစ်ကြောင်း ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကPeople Power သို့ ပြောကြားသည်။
“သဘောထားကို လိုချင်လို့ဖြစ်မှာပေါ့။ ဌာနချုပ်က တောင်းတာပဲ”ဟု ၎င်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆွေးနွေးပွဲများ ပြုလုပ်ရခြင်း နှင့်ပတ်သက်ပြီး ရှင်းပြသည်။
မြို့နယ်အဆင့်မှ အောက်ခြေအထိ ပြုလုပ်သွားကြမည်ဖြစ်ပြီး မြို့နယ်အများစုတွင် ဆွေးနွေး ပွဲများပြုလုပ်ပြီးဖြစ်ကြောင်း ဦးအောင်သိန်းလင်း က ဆက်လက်ပြောကြားသည်။
“အစည်းအဝေးကနေ ထောက်ခံမှုရတဲ့အချက်တွေကို တိုင်းဒေသကြီးကို တင်ပြရတယ်။ တိုင်းဒေသကြီးက တဆင့် ဌာနချုပ်ကို တင်ပြရတယ်” ဟု တောင်ငူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် ဦးညီညီထွန်း က ပြောကြားသည်။
မြို့နယ်အဆင့်အစည်းအဝေးများ တင်ပြရာတွင် လတ်တလောပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော သုံးသပ်ချက် အခြေအနေနှင့် အချိန်အခါအရ ပြုပြင်ပြောင်းလဲရမည့် သုံးသပ်ချက် စဉ်းစားဆောင်ရွက် သင့်သည့် သုံးသပ်ချက်ဟူ၍ (၃)ခုခွဲပြီး တင်ပြရကြောင်း ၎င်းကဆိုသည်။
“ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး တင်ပြတဲ့ဟာတွေကို တက်ရောက်တဲ့သူတွေရဲ့ထောက်ခံမှု၊ ကန့်ကွက် မှုတွေကိုကြည့်ပြီး၊ ကန့်ကွက်မှု မရှိတဲ့ သုံး သပ်ချက်တွေကို တင်ပြရတယ်” ဟုတောင်ငူ မြို့နယ် ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအလုပ်အမှုဆောင် တစ်ဦးက ပြောကြားသည်။
သမ္မတဖြစ်ခွင့်ရှိသူများတွင် စစ်ရေးအမြင်ရှိရမည်ဟူသော အသုံးအနှုန်းအား စစ်မှုထမ်းဖူးသူဖြစ်ရမည်ဟု သဘော မသက်ရောက်စေရန် ပြင်ဆင်ရမည်ဟူသော အချက်အား ကန့်ကွက်သူမရှိသောကြောင့် အထက် သို့ တင်ပြခဲ့ရကြောင်း ၎င်းကရှင်းပြသည်။
တစ်နိုင်ငံလုံးရှိ ပြည်ခိုင်ဖြိုးပါတီဝင်များအားလုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ များပြုလုပ်ပြီး၊ ရရှိလာသော သုံးသပ်ချက်များကို ယခုလ ၂၉ရက်နေ့ နောက်ဆုံးထား ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဌာနချုပ်သို့ ပေးပို့ရမည်ဟူသော အကြောင်း ကြားစာပေးပို့ထားသည်ဟု ပြည်ခိုင်ဖြိုးပါတီဝင်များထံမှ စုံစမ်းသိရှိရသည်။
ရေးသားသူ - မောင်မျိုး
တည်းဖြတ်သူ- နီတိုး
No comments:
Post a Comment