Pages

Wednesday, October 30, 2013

ခရီးသည်၆၀၀ကျော် စီးနင်းနိုင်သည့် အထူးမြို့ပတ်ရထားသစ် ပြေးဆွဲမည်

30.10.2013


ခရီးသည်၆၀၀ကျော် လိုက်ပါစီးနင်းနိုင်သည့် မြို့ပတ် ‘ဇ’အထူးရထား တွဲဆိုင်းသစ်ကို နိုဝင်ဘာလ ၁ရက်နေ့ တွင် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့မီးရထားဝန်ကြီးဌာန (အောက်မြန်မာပြည်)မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင် သင်းက ပြောကြားသည်။

အဆိုပါ ရထားတွဲသစ်သည် အင်းစိန်မှ ရန်ကုန်ဘူတာကြီးသို့နေ့စဉ် လေးပတ်ပြေးဆွဲမည်ဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် ကျပ်၃၀၀နှင့် နိုင်ငံခြား သားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှုန်း သတ်မှတ်ထားပြေးထားကြောင်း ၎င်းကပြောကြားသည်။

“နောက်ထပ်ထပ်ပြီး အဆင့်မြင့်ရထားတွဲဆိုင်းတွေ ထပ်ပြေးဆွဲပေးဖို့ အစီအစဉ်ရှိပါတယ်။ ခုလိုထပ်တိုး လိုက်ပေမယ့် ၁၀၀တန်ရော ၂၀၀တန် ပါရှိနေအုံးမှာပါ။အဲကွန်းတော့မပါဘူးပေါ့” ဟုဦးထွန်းအောင် သင်း က ပြောကြားသည်။

ယင်း မြို့ပတ်ရထားတွဲသစ်ကို မြစ်ငယ်ရထား တွဲဆိုင်းထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်ပြီး မြို့ပတ် ရထားတွဲ သစ်တွင် တွဲဆိုင်းခြောက်ဆိုင်း ပါဝင်ကာ တွဲဆိုင်းတစ်ဆိုင်လျှင် လူဦးရေ ၁၀၀ကျော် စီးနင်းနိုင်ပြီး လုံခြုံရေးအတွက် ရဲဝန်ထမ်း၎ဦး၊ တွဲထိန်း၂ဦး၊ လက်မှတ်စစ်တစ်ဦး၊ လက်မှတ်သိမ်း တစ်ဦးတို့ ပါဝင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည်။

အဲကွန်းပါအထူးရထားတွဲဆိုင်းကိုစက်တင်ဘာလအတွင်းကကျပ်လေးရာခန့်ဖြင့် ပြေးဆွဲခဲ့ရာ အောက်တိုဘာ

လ ၁၉ရက်နေ့တွင် ပြည်တွင်း ခရီးသည်၂၉၄၈ ဦး နိုင်ငံခြားခရီးသည် ၈ဦး စီးနင်းခဲ့ကြသည်။

လက်ရှိတွင် ခရီးသွားပြည်သူများအတွက်မြို့ပတ်ရထားတွဲဆိုင်း၂၂ဆိုင်းဖြင့် ပြေးဆွဲဝန်ဆောင်မှုပေးလျက်
ရှိသည်။

ရေးသားသူ - သက်သက်မိုးသူ
တည်းဖြတ်သူ-နီတိုး


People  Power

No comments:

Post a Comment