Pages

Monday, October 28, 2013

ပဋိပက္ခကြောင့် မြန်မာ အပြောင်းအလဲကို ထိခိုက်လို့ဆို



28-10-2013

မွတ်ဆလင် ဆန့်ကျင်ရေး အသွင်ဆောင်နေတဲ့ ရခိုင်ဒေသက ဘာသာရေး ပဋိပက္ခတွေဟာ မြန်မာရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေတဲ့ အဓိကအချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂအထူးကိုယ် စားလှယ် သောမတ်စ်အိုဟေး ကင်တားနားက ပြီးခဲ့တဲ့ သောကြာနေ့က နယူး ယောက် မြို့ မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကန်တားနား ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရဲ့ လူ့အခွင့်အရေး ဆိုင်ရာ တတိယ ကော်မတီ အစည်းအဝေးမှာ မစ္စတာ ကင်တားနား က အခုလို ပြောလိုက်တာဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လ နဲ့ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း အနည်းဆုံး ၁၉၂ ဦး သေဆုံးခဲ့တယ်လို့ လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေကို စတင်နေ ပေမယ့် မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်း တွေကို လိုက်နာကျင့်သုံးဖို့ လိုအပ်နေသေးတဲ့အကြောင်း မစ္စတာ ကင်တားနားက ပြောကြားလိုက်တာဖြစ်ပါတယ်။ ရခိုင်အရေးကိစ္စမှာ ပထမအကျော့ ပဋိပက္ခ ကြောင့် လူပေါင်း ၇ သောင်း ခွဲ အိုးအိမ်စွန့်ခွါခဲ့ရသလို ဒုတိယကျော့ ပဋိပက္ခ ကြောင့် လူပေါင်း ၃ သောင်းခွဲကျော် ဒုက္ခရောက်ခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်အသစ်တွေ ပေးခဲ့လို့ အခုလို ပဋိပက္ခ ဖြစ်လာရတယ်ဆိုတဲ့ ပြောဆိုချက် ကိုတော့ မစ္စတာ ကင်တားနားက ငြင်းဆိုလိုက်ပြီး ဒီလိုလုပ်ရပ်ဟာ နိုင်ငံရေး လူမှုရေး ရည်ရွယ် ချက်တွေနဲ့ လူတစုက လုပ်ဆောင်တာ ဖြစ်ကြောင်း၊ ပွင်းလင်း လူ့အဖွဲ့အစည်းတွေဟာ လူ့အခွင့် အရေးကို လေးစားလိုက်နာကြတယ်လို့ တုန့်ပြန်ပြောကြား ခဲ့ပါတယ်။

ABC Radio

No comments:

Post a Comment