Pages

Monday, October 28, 2013

Facebook အသုံးမပြုရန် တားမြစ်မှုကြောင့် အိန္ဒိယ အမျိုးသမီးငယ် တစ်ဦး မိမိကိုယ်ကိုယ် ဆုံးစီရင်



28-10-2013

အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက် အရွယ် ကောလိပ်ကျောင်းသူ တစ်ဦးအား ၎င်း၏မိဘများက Facebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို အသုံးမပြုရန် တားမြစ်မှုကြောင့် အဆိုပါ ကျောင်းသူ သည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြား ခဲ့သည်။

အသက် ၁၇ နှစ်အရွယ်ရှိ အိုက်ရွှာယာအက်စ်ဒါ ဟီဝယ်လ်သည် ၎င်းအ Facebook အသုံးမပြုရန် တားမြစ် သော ၎င်း၏မိဘများနှင့် အချေအတင် စကားများ ပြီးနောက် အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခြင်း ဖြစ်သည်။

ပါ့ဘ်ဟာနီမြို့ရှိ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သူမ၏မိဘများက ဖုန်းဖြင့် Facebook အသုံးပြုမှုအား မပြုလုပ်ရန် ကြိမ်ဖန်များစွာ တားမြစ်ခဲ့ပြီး ကျောင်းစာကိုသာ အာရုံစိုက် လုပ်ဆောင်ရန် တိုက်တွန်း ခဲ့ ကြောင်း၊ အောက်တိုဘာ ၂၃ ရက် ညတွင် သူမ၏မိဘများနှင့် အချေအတင် စကားများပြီး နောက် အိပ်ခန်း အတွင်းသို့ ဝင်ရောက်ကာ သေတမ်းစာ တစ်စောင် ရေးသားခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံး စီရင်သွားခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်း၏ သေတမ်းစာတွင် သူမသည် ကန့်သတ်ချုပ်ချယ်မှုများ များပြားလှသော အိမ်တွင် နေထိုင်လိုစိတ် မရှိကြောင်းနှင့် Facebook အသုံးမပြုဘဲ အသက်မ ရှင် နိုင်ကြောင်းတို့ကို ကြိမ်ဖန်များစွာ ရေးသားခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment