Pages

Sunday, October 20, 2013

အကြမ်းဖက် ဥပဒေကို ရေးဆွဲနေပြီး လုံခြုံရေးအတွက် ကျပ်ခြောက်ဘီလျံ အသုံးပြုကာ နည်းပညာ အထောက်အကူ ပစ္စည်းများ ၀ယ်ယူမည်


အောက်တိုဘာ၇ရက်ကသံတွဲမြို့အတွင်းလုံခြုံရေး ဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်  (ဓာတ်ပုံ-၀င်းမြင့်ကျော်)

  Sunday, October 20, 2013

ပြည်တွင်း၌ အကြမ်းဖက် ဥပဒေကို ရေးဆွဲနေပြီး လုံခြုံရေးအတွက် ကျပ်ခြောက်ဘီလျံ အသုံးပြုကာ နည်းပညာ အထောက်အကူပြု ပစ္စည်းများအား နိုဝင်ဘာလအတွင်းဝယ်ယူသွားမည်ဖြစ်ကြောင်း အောက် တိုဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ်ဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ ကျပ်ခြောက်ဘီလျံ အသုံးပြုပြီး နည်းပညာ အထောက်အကူ ပစ္စည်းများကို ၀ယ်ယူရခြင်းမှာ ပြည်တွင်းလုံခြုံရေးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဆင့်အတန်း တစ်ခုကို တိုးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက် ဥပဒေ ရေးဆွဲနေမှုမှာ အတိုင်းအတာ တစ်ခုအထိ ရောက်ရှိနေပြီဖြစ်ပြီး ပြီးစီးပါက လွှတ်တော်သို့ တင်ပြကာ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း ရဲချုပ်က ပြောကြားခဲ့သည်။

နည်းပညာ အထောက်အကူပြု လုံခြုံရေးပိုင်းဆိုင်ရာ ပစ္စည်းများကို နိုဝင်ဘာလအတွင်း ပြည်ပနိုင်ငံများမှ ၀ယ်ယူရန် စီစဉ်ထားကြောင်း သိရသည်။

"လုံခြုံရေးအတွက် နည်းပညာ အထောက်အကူပြု ပစ္စည်းတွေကို ကျပ်ခြောက်ဘီလျံ အသုံးပြုပြီး ၀ယ်ယူသွားဖို့ စီစဉ်ထားတယ်။ ဒါကို လွှတ်တော်ကို တင်ပြပြီးတော့ အမြန်ဆုံး ဆောင်ရွက်သွားပါမယ်" ဟု မြန်မာနိုင်ငံ ရဲဌာနချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment