Sunday, October 20, 2013
ဗုဒ္ဓဂယာ ခရီးသွား အာမခံ ထားရှိခွင့်ကို မြန်မာ့အာမခံ လုပ်ငန်းမှ
ယခုနှစ်အတွင်း ပြန်လည် ခွင့်ပြုပြီးနောက် ခရီး သွား အများစု မှာ အာမခံ
ထားရှိမှု ပြုလုပ်ပြီးမှသာလျှင် ခရီးသွားလာမှု များ ပြုကြကြောင်း မြန်မာ့အာမခံ
လုပ်ငန်းမှ သိရသည်။
ဗုဒ္ဓဂယာ ဘုရားဖူးသွားပြည်သူ ရာခိုင်နှုန်း ၆၀ မှာ ဗုဒ္ဓဂယာ ခရီးသွား အာမခံကို ထားရှိကြောင်း ဗုဒ္ဓဂယာ ဘုရားဖူး ပို့ဆောင်ရေး အေဂျင်စီများထံမှ သိရသည်။
"ဘုရားဖူးပြည်သူ ရာခိုင်နှုန်း ၆၀ ကျော်ကျော်လောက်က အာမခံကို ထားရှိပြီးမှ
သွားကြတာပါ။ တချို့ကျတော့လည်း လက်လှမ်းမမီလို့ မထားကြတာတွေ ရှိတယ်။
အများစုကတော့ ထားကြပါတယ်။ ဒီနှစ်မှာ ဗုဒ္ဓဂယာ ဘုရားဖူး
မြင့်တက်နိုင်မယ်လို့လည်း ခန့်မှန်းထားတယ်" ဟု ဗုဒ္ဓဂယာ မဇ္ဈိမဒေသ
ဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။
ဗုဒ္ဓဂယာ ခရီးသွား အာမခံနှင့် မက္ကာခရီးသွား အာမခံတို့ကို ၂၀၀၉ ခုနှစ်
ကတည်းကပင် မြန်မာ့အာမခံ လုပ်ငန်းမှ ရပ်ဆိုင်းထားခဲ့ပြီး ခရီးသွားဝန်ဆောင်မှု
ကုမ္ပဏီများမှ တောင်းဆိုသောကြောင့် ယခုနှစ် တွင် မြန်မာ့ အာမခံ လုပ်ငန်းမှ
ပြန်လည်ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။
အာမခံ ထားရှိရာတွင်
လေယာဉ်ဖြင့် သွားလာရသည့် ခရီးသွားအာမခံကြေး အသွားအပြန် တစ်ထောင်၊ ခရီးစဉ်
နှစ်ပတ်အတွက် အာမခံကြေး တစ်ယူနစ်လျှင် ကျပ် ၂၅၀ သတ်မှတ်ထားပြီး ၁၀ ယူနစ်အထိ
ဝယ်ယူခွင့် ရရှိထားကြောင်း သိရသည်။ နှစ်ပတ်ထက်ပို၍ ကျော်လွန်ပါက
သတ်မှတ်ထား သည့် နှုန်းထား များအလိုက် ထပ်ဆောင်းပေးရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအာမခံ ထားရှိထားသည့် ခရီးသွားပြည်သူများ အနေဖြင့် အာမခံ ထားရှိသည့်
ကာလအတွင်း ခရီးသွားစဉ်တွင် ထိခိုက်ရရှိလျှင်သော် လည်းကောင်း၊
သေဆုံးလျှင်သော် လည်းကောင်း အာမခံလျော်ကြေးငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သေဆုံးပါက တစ်ယူနစ် ထားရှိသည့် ခရီးသွားအတွက် ကျပ်ငါးသိန်း၊ ၁၀ ယူနစ်
ထားရှိပါက လျော်ကြေးကျပ်သိန်း ၅၀ ရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ အတွက်မူ
သတ်မှတ်ထားသည့် ဒဏ်ရာအမျိုးအစား ၇၄ မျိုးအလိုက် ရာခိုင်နှုန်းအားဖြင့်
လျော်ကြေးငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓဂယာ ဘုရားဖူး
ပြည်သူများမှာ နှစ်စဉ်ငါးသောင်းဝန်းကျင် ရှိကြောင်း၊ ယခုနှစ်တွင်
ခုနစ်သောင်း ၀န်းကျင်သို့ တိုးတက်လာနိုင်ဖွယ်ရှိကြောင်း အေဂျင်စီများက
သုံးသပ်ပြောကြားသည်။
အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာဒေသသို့
မြန်မာနိုင်ငံမှ သွားရောက်လိုသူများ နှစ်စဉ်များပြားနေပြီး ဗုဒ္ဓဂယာခရီးစဉ်
ပို့ဆောင်ပေးသည့် ခရီးသွား အေဂျင်စီများထံမှ သိရသည်။
Eleven Media Group
No comments:
Post a Comment