ဒေသတွင်း စုပေါင်းလုံခြုံရေး ဆောင်ရွက်မှုကို သံတမန် နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းမှုကို ထောက်ခံပြီး အင်အားပြမှုသည် သံသယကို ကြီးမားစေသည်ဟု ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင် ပြောကြား
ဒေသတွင်း
စုပေါင်းလုံခြုံရေး ဆောင်ရွက်မှုကို သံတမန် နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ
ဖြေရှင်းမှု ကို ထောက်ခံပြီး အကြောင်းအမျိုးမျိုးဖြင့် အင်အားပြမှုသည် သံသယကို
ကြီးမားစေသည်ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ကြီး Fang Fenghui နှင့် အောက်တို ဘာ ၁၄ ရက် မွန်းလွဲပိုင်းက
ပေကျင်းမြို့၌ တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ကာကွယ်ရေး
ဝန်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။
တောင်တရုတ်ပင်လယ်
အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထား ရပ်တည်ချက်မှာ အာဆီယံမှ
လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ အငြင်းပွားမှုကို ငြိမ်းချမ်းစွာ
ဖြေရှင်းသွားရန် ကတိက၀တ်ပြုမှုကို ကြိုဆိုသည်ဟု ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဒေသတွင်း
လုံခြုံရေးနှင့် ပတ်သက်၍ မျက်မှောက်ခေတ် ကာလတွင် ကမ္ဘာ့နိုင်ငံ
အသီးသီးတို့သည် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင်
လျှောက်လှမ်းနေကြသော်လည်း စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ၀ါဒရေးတို့အပေါ်
မူတည်၍ ကမ္ဘာ့အင်အားကြီး နိုင်ငံများ အနေဖြင့် ၎င်းတို့စိတ်ဝင်စားသည့်
ဒေသများတွင် အင်အားဖြန့်ကျက်မှုများ ပိုမိုများပြား လာသည်ဟု
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများ သာမက
ကမ္ဘာ့နိုင်ငံ များနှင့်ပါ ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေး
တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ မိမိတို့တွင် မိတ်ဆွေနိုင်ငံများသာရှိပြီး
ရန်သူမရှိသကဲ့သို့ မိတ်ဆွေကိုလည်း ရန်သူမဖြစ်စေပါကြောင်း၊ တပ်မတော်
အနေဖြင့် နိုင်ငံတော် လုံခြုံအောင် ကာကွယ်ရန် အဓိက တာဝန်ရှိကြောင်း၊
နိုင်ငံတော် လုံခြုံရေးအတွက် အိမ်နီးချင်း နိုင်ငံများနှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး
တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ကလည်း
"ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးချက်အပေါ် အခြေခံသည့်
တရုတ်-မြန်မာ ဆက်ဆံရေးသည် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင်
ကျယ်ပြန့်ကြောင်း၊ တရုတ်-မြန်မာ မဟာဗျူဟာမြောက် ဘက်စုံပူးပေါင်း
ဆောင်ရွက်ရေး၏ ရလဒ်များကို ထိန်းသိမ်းပြီး ပိုမိုတိုးတက်အောင်
ကြိုးစားသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့သည်။
EMG
No comments:
Post a Comment