“နောက်အစည်းအဝေးကို ဆောင်ရွက်နိုင်ဖို့ အကြိုညှိနှိုင်းတဲ့ သဘောပါပဲ။ လာမယ့် နှစ်ဖက်တွေ့ဆုံပွဲ ကို အောက်တိုဘာ ဒုတိယပတ်လောက်မှာ လုပ်ဖို့ကိုတော့ အကြမ်းဖျင်း သဘောတူနိုင်ခဲ့ကြတယ်”ဟု ဦးလှ မောင်ရွှေက မဇ္ဈိမကိုပြောသည်။
တရုတ်နိုင်ငံ ရွှေလီမြို့ Retrun ဟိုတယ်တွင် ပြုလုပ်သည့် ဆွေးနွေးမှုတွင် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦးမှ အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး တားဘုန်းကျော်၊ တအောင်း အမျိုးသားလွတ် မြောက်ရေးတပ်မတော်မှ ဒုတိယစစ်ဦးစီးချုပ် တားခူးလန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တားရက်စ်ခေးတို့ ပါဝင် ဆွေးနွေးခဲ့ကြသည်။မြန်မာ့ငြိမ်း
သဘောတူညီချက်ကို ပလောင်အဖွဲ့မှ ၎င်းတို့၏ ဗဟိုကော်မီတီသို့ ထပ်မံတင်ပြ ဆွေးနွေးသွားရမည်ဖြစ်သလို၊ ဦးလှမောင်ရွှေတို့မှလည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌ ဦးအောင်မင်းအား ဆက်လက် တင်ပြကြမည်ဖြစ်သည်။
“နောက်တစ်ခေါက်တွေ့တဲ့အခါကျရင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရနိုင်ဖို့ဆိုတာကလည်း နှစ်ဖက်တွေ့ဆုံဆွေးနွေး ညှိနှိုင်းနိုင်ကြမယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့ ဖြစ်နေတဲ့ ယုံကြည်မှု တည်ဆောက်နိုင် တဲ့ ပြဿနာတွေ၊ တိုက်ပွဲဖြစ်နေတဲ့ ပြဿနာတွေ၊ စစ်ရေးလှုပ်ရှားမှုတွေဆက်နေတယ်။ အပြန်အလှန် ယုံကြည်မှုရောက်အောင် ဘယ်လိုလုပ်ဆောင်နိုင်ကြမလဲဆိုတဲ
အစိုးရတပ်နှင့် ပလောင်အဖွဲ့တို့အကြား ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် ဇူလိုင် ၃၁ ရက် ပထမအကြိမ် မူဆယ်မြို့၌တွေ့ဆုံခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်သည်အထိ သဘောတူညီချက် မရရှိခဲ့ပေ။
mizzima
No comments:
Post a Comment