Pages
▼
Monday, October 28, 2013
ဒေါ်လာသန်း ၃၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ
၂၈.၁၀.၂၀၁၃၊ တနင်္လာနေ့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှာ ဒေါ်လာသန်း ၃၀ တန်ဖိုးရှိတဲ့ methamphetamine စိတ်ကြွဆေးပြားပေါင်း ငါးသန်းကျော်ကို ထိုင်းရဲတွေက ဖမ်းဆီးရမိခဲ့ပြီး အဲဒီဆေးတွေ ဟာ မြန်မာနိုင်ငံဖက်ကနေ တရားမ၀င် ခိုးသယ်လာတာဖြစ်တယ်လို့ ထိုင်းရဲတွေကပြောပါတယ်။
Methamphetamine စိတ်ကြွဆေးပြား (Credit: ABC) အဲဒီစိတ် ကြွဆေးပြားတွေ ကို ဘန်ကောက်မြို့နဲ့နီးတဲ့ Nontahaburi မြို့က နေအိမ်တအိမ်မှာဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မူးယစ်ဆေးပြားတွေနဲ့အတူ လူခြောက်ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေး အရာရှိ တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေဟာ မြန်မာနိုင်ငံ ရွှေတြိဂံ နယ်မြေဖက် ကနေ မှောင်ခိုကုန်ကူးလာတာ ဖြစ်နိုင်တဲ့အကြောင်း၊ စိတ်ကြွဆေးပြားကနေ အကျိုးအမြတ် များများရတဲ့အတွက် အခုဆိုရင် ပိုပြီးထုတ်လာကြပြီးတော့ တချို့ဆိုရင် စိတ်ကြွဆေးပြားတွေ ထုတ်လုပ်တဲ့ ကိုယ်ပိုင် စက်ရုံငယ်လေးတွေပါ ရှိကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေး အရာရှိကပြောပါတယ်။
ခန့်မှန်းခြေအားဖြင့် ရွှေတြိဂံနယ်မြေအတွင်းမှာ နှစ်စဉ် စိတ်ကြွဆေးပြားထုတ်လုပ်မှုပမာဏဟာ ၁ ဒသမ ၄ ဘီလီယံ လောက်ရှိတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ကဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ စိတ်ကြွဆေးပြား သုံးစွဲသူပေါင်း ခြောက်သိန်း (600,000) လောက်ရှိတယ်လို့လည်း ခန့်မှန်နေကြပါတယ်။
ABC

No comments:
Post a Comment