၂၈.၁၀.၂၀၁၃၊ တနင်္လာနေ့
သြစတြေးလျနိုင်ငံက နိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ Green ပါတီက လူကုန်ကူးသူတွေဟာ တခြား နည်းလမ်း အသစ်တခုအနေနဲ့ သင်္ဘောကွန်တင်နာထဲ ခိုလုံခွင့်တောင်းခံသူတွေ ကို ခေါ်ဆောင်လာမယ် ဆိုရင် လမ်းခုလပ်မှာ သေဆုံးမှု ပိုများလာမှာကို စိုးရိမ်တယ်လို့ ပြောလိုက်ပါတယ်။
မကြာသေးခင်က သြစတြေးလျနိုင်ငံက Fairfax သတင်းစာမှာ ဖော်ပြချက်အရ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ လူမှောင်ခိုကုန်ကူးသူတွေဟာ သြစတြေးလျနဲ့ နယူဇီလန် နိုင်ငံကိုလာမယ့် ခိုလုံခွင့်တောင်းခံသူတွေကို သင်္ဘော ကွန်တင်နာတွေထဲမှာ ထည့်ပြီး ပို့ဆောင်မယ်လို့ ခိုလုံခွင့်တောင်းခံသူတွေကို ကမ်းလှမ်းနေ တယ်လို့ ဆိုပါတယ်။
တကယ်လို့များ ဒီသတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် ဒီနည်းလမ်းသစ်ဟာ တကယ့်ကို ကြောက်ရွံ့စရာဖြစ် တဲ့ အကြောင်းနဲ့ အစိုးရရဲ့ခိုလုံခွင့်တောင်းလိုသူတွေအပေါ်တားဆီးတဲ့လုပ်ငန်းတွေဟာလည်း အောင်မြင် မှု မရှိတာကို ပြသနေတယ်လို့ Green ပါတီက ဆိုပါတယ်။
အရင်က ခိုလုံခွင့်တောင်းခံဖို့ လှေတွေနဲ့ ခိုးဝင်လာသူတွေကို ဒုက္ခသည် စစ်မှန်ကြောင်း တွေ့ရှိရင် သြတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ပြုခဲ့ပြီး အခု အစိုးရတက်လာပြီးနောက်ပိုင်း လုံးဝနေထိုင်ခွင့် မပေးပဲ ပါပူဝါနယူဂီနီကျွန်းနဲ့ နောင်ယူးကျွန်းနိုင်ငံကို ပို့ဆောင်ထားရှိတဲ့အတွက် သြစတြေးလျနိုင်ငံထဲ အထိ ၀င်လာနိုင်ဖို့အတွက် အခုလို နည်းလမ်းသစ်တွေ ရှာကြံလာကြ တာဖြစ်ပါတယ်။
ABC

No comments:
Post a Comment