Pages

Sunday, October 20, 2013

အထက်တန်းကျောင်းများသို့ ကွန်ပျူတာ ၄၀၀ ကျော် ချင်းအမျိုးသားတပ်ဦးလှူ


Sunday, October 20, 2013

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ချင်းပြည်နယ် မြောက်ပိုင်းမြို့များရှိ အထက်တန်းကျောင်း များသို့ ချင်းအမျိုးသားတပ်ဦး (CNF) က ဒိန်းမတ်နိုင်ငံ အကူအညီဖြင့် ကွန်ပျူတာ ၄၅၅ လုံးနှင့် အင်တာနက် အသုံးပြုနိုင်ရန်Satellite Internetကိုးလုံးတို့ကိုလှူဒါန်းခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးက

 ပြောကြားသည်။

ဟားခါးမြို့သို့ ၁၈၄ လုံး၊ တီးတိန်မြို့သို့ ၁၃၅ လုံး၊ ဖလမ်းမြို့သို့ ၆၅ လုံး၊ ထန်တလန်မြို့သို့ ၄၁ လုံး၊ တွန်းဇံမြို့သို့ ၃၀ လုံး ကွန်ပျူတာများ ခွဲတမ်းရရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

"ဒီလှူဒါန်းမှုဟာ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် အလွန် အကျိုးရှိပါတယ်။ ကျောင်း သားတွေ အတွက် ခေတ်နဲ့အညီ အွန်လိုင်းကတစ်ဆင့် လိုအပ်တာ ရှာဖွေလို့ရသလို ဆရာတွေ အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ တောင်ပိုင်း မြို့တွေကိုလည်း လှူဒါန်းမှာပါ။ သွားလာရေး ခက်ခဲသေးလို့ မသွားနိုင်သေးတာပါ" ဟု ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာဘမောင် က ဆိုသည်။

ချင်းအမျိုးသားတပ်ဦးအနေနှင့် ဒိန်းမတ်နိုင်ငံ အကူအညီဖြင့် ချင်းပြည်နယ် အတွင်းရှိ အထက် တန်းကျောင်း များတွင် တစ်ကျောင်းလျှင် ကွန်ပျူတာ သုံးလုံးနှုန်း၊ အင်တာနက် အသုံးပြုနိုင်ရန် အတွက် ADSL လိုင်းများ တပ်ဆင်ပေးမည် ဖြစ်ပြီး လျှပ်စစ်မီး အတွက်လည်း တစ်ရက်လျှင် လေးနာရီစာ ဓာတ်ဆီဖိုးများ နေ့စဉ်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရထံမှ သိရသည်။

ချင်းပြည်နယ်၌ ၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၇၄၅၉ ဦးတွင် အောင်မြင်သူ ၁၂၃၂ ဦး ရှိကာ အောင်ချက် ရာခိုင်နှုန်း ၁၆ ဒသမ ၅၂ ရာခိုင်နှုန်း ရှိသဖြင့် ယခင်နှစ်ကထက် ၂ ရာခိုင်နှုန်းခန့် တိုးတက်လာသော်လည်း တစ်နိုင်ငံလုံး အနေဖြင့်မူ အနိမ့်ဆုံး အောင်ချက်စာရင်းတွင် ပါဝင်နေသေးကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရသည်။

ချင်းပြည်နယ်တွင် အထက်တန်း ကျောင်းပေါင်း ၃၇ ကျောင်း ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment