Pages

Sunday, October 20, 2013

ဖုန်းဆိုင်မှ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းများ ခိုးယူသူများကို ဖော်ထုတ်ဖမ်းဆီး


Sunday, October 20, 2013

၁၁.၁၀.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် လှိုင်သာယာမြို့နယ်၊ (၃)ရပ်ကွက်၊ပီမိုးနင်းလမ်းနေ ဦးမြင့်ဆွေ သည် အိပ်ယာမှနိုးစဉ် နေအိမ်နှင့်တွဲလျက်ဖွင့်ထားသော ခေတ်ဆန်းဖုန်းဆိုင် တံခါးမှာပွင့်နေ၍ ဆိုင်အတွင်း စစ်ဆေးရာဟန်းဆက်မျိုးစုံ(၃၇)လုံး၊ ပြုပြင်ရန်အပ်ထားသည့် ဟန်းဆက်(၉)လုံး၊
ဖုန်းဘက္ထရီမျိုးစုံ(၃၁)လုံး၊ ဖုန်းအိတ်မျိုးစုံ(၈)လုံး၊ ဆင်းကဒ်(၁)ခု၊ ကီးပက်(၂)ခု နှင့်ငွေကျပ်(၁၂၀၀၀)၊ စုစုပေါင်းတန်ဖိုး(၂၉၃၇၀၀၀)ကျပ်မှာ ပျောက်ဆုံးနေကြောင်းတွေ့ရသဖြင့် ခိုးယူသူကိုအရေးယူပေးရန် တိုင်တန်းမှုအားလှိုင်သာယာမြို့မရဲစခန်း(ပ)၁၁၇၀/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေး
ယူဆောင်ရွက် ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် အမှုမှတရားခံဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၂.၁၀.၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန်လှိုင်သာယာမြို့နယ်၊ညောင်တုန်းလမ်းတွင် စိုင်းကို(ဘ)ဦးမြင့်ဝင်း၊ လှိုင်သာယာမြို့ နယ်နေသူအား၏ ဟန်းဆက်(၁)လုံးဖြင့်လည်းကောင်း၊၁၄.၁၀.၂၀၁၃ ရက်နေ့၁၆၀၀ အချိန် လှိုင်သာယာ မြို့နယ်၊(၈)ရပ်ကွက်တွင်ဖြိုးမောင်မောင်(ဘ)ဦးသန်းဇော်ဦး၊လှိုင်သာယာမြို့နယ် နေသူအားဟန်းဆက်(၂) လုံးဖြင့်လည်းကောင်း၊ပန်းဘဲတန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ၁၂.၁၀.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်းအတွင်းဟန်းဆက်များလိုက်လံရောင်းချနေသည့်ဝေယံ၊ (ဘ)ဦးတင်ထွန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊စုပုံချစ်(ခ)ပြည့်ဖြိုးအောင်၊ (ဘ)ဦးလှတင်၊ ထန်းတပင်မြို့နယ်၊ သီဟဇော်(ခ)စိုးသီဟ(ဘ)ဦးမောင်သက်၊ လှိုင်သာယာမြို့နယ်၊ အောင်နိုင်စိုး (ဘ)ဦးခင်စိုး၊လှိုင်သာယာမြို့နယ်နှင့် ဇော်လတ်(ဘ)ဦးမောင်လတ်၊ဆိပ်ကြီးခနောင်တိုမြို့နယ်နေသူတို့(၅)ဦးအားလည်းကောင်း၊ စုစုပေါင်း(၇)ဦးအား ဖမ်းဆီးရမိစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ၎င်းတို့(၇)ဦးသည်၁၁.၁၀.၂၀၁၃ရက်နေ့၀၂၀၀အချိန်ခန့်တွင်လှိုင်သာယာမြို့နယ်

၊(၃)ရပ်ကွက်၊ပီမိုးနင်းလမ်းရှိခေတ်ဆန်းဖုန်းဆိုင်အနီးသို့သွားရောက်ကာစိုင်းကို၊ပြည့်ဖြိုးအောင်၊သီဟဇော်
(ခ)စိုးသီဟ၊ ဇော်လတ်၊ အောင်နိုင်စိုးတို့(၅)ဦးသည်ဆိုင်ပတ်ဝန်းကျင်တွင်လူကြည့်ပေးခဲ့ကြပြီး
ဖြိုးမောင်မောင်နှင့် ဝေယံတို့(၂)ဦးသည်ဆိုင်တံခါးမကြီးအားတွန်းဟ၍ အတွင်းဂျက်များ ဖွင့်ကာဝင်ရောက်ပြီး ဟန်းဆက်များ၊ ဖုန်းဘက္ထရီများ၊ ဖုန်းအိတ်များ၊MP3၊ဆင်းကဒ်နှင့် ငွေ(၁၂၀၀၀)ကျပ် တို့အားခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့်သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းအရေးယူ
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment