Pages

Thursday, October 17, 2013

အစည်းဝေးပြုလုပ်နေစဉ် လင်မယားကွာရှင်းပေးရန် လာရောက်တိုင်တန်း သူအား ၀တ္တရားနှောင့်ယှက်မှုဖြင့် အရေးယူ

၁၇.၁၀.၂၀၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ မန်ကျည်းဘုတ်ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးမြင့်နွယ်ဆိုသူကကျေးရွာသားတစ်ဦးကို တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် အရေးယူပေးရန် ယခုလ ၁၅ ရက်တွင် မြောင်မြို့နယ် မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းလိုက်သည်။

အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီ ခွဲအချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကော်မတီဝင် ငါးဦးပါဝင်သည့် လယ်ယာမြေ စီမံခန့်ခွဲရေး အစည်းဝေးပြုလုပ်နေချိန်တွင် ရွာသားတစ်ဦးမှ ၎င်းတို့၏ အိမ်ထောင်ရေး အခြေအနေမှာ အဆင်မပြေတော့သည့်အတွက် လင်မယားကွာရှင်းပြတ်စဲပေး ရန် အစည်းဝေးပြုလုပ်နေသည့် ကျေးရွာ အုပ်ချုပ်ရေး မှူးရုံးသို့ အကြိမ်ကြိမ်အခါခါ လာရောက် တိုင်တန်းခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် စီမံခန့်ခွဲရေး ကော်မတီဦးတို့သည် အစည်းဝေးတာဝန်များ ဆက်လက်၍ ထမ်းဆောင်နိုင်ခြင်း မရှိဖြင့် အရေးယူပေးရန် တိုင်တန်းခဲ့ခြင်းဖြစ်သည်။ ယင်းကို (ပ) ၂၂၁/ ၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၅၃ အရ အမှုဖွင့်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment