၁၇.၁၀.၂၀၁၃
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ထန်းတပင်ကျေးရွာ၏ အရှေ့ဘက်တောင်ကြောရှိ ကိုင်းမွှေး စိုက်ခင်းတွင် နေစားအလုပ်လုပ်ကိုင်သော
ထန်းတပင်ရွာသားနှစ်ဦးအား အောက်တိုဘာ ၁၅ ရက် ည ၉ နာရီခန့်တွင်
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့တစ်ဖွဲ့မှ ရိက္ခာသယ်ရန်ဟု အကြောင်းပြကာ
ဖမ်းဆီးခေါ်ဆောင်သွာ ခဲ့ကြောင်း ယင်းရွာသားများထံမှ သိရှိရသည်။
``အဲဒီကိုင်းမွှေးစိုက်ခင်းပိုင်ရှင်က ရွာသစ်ကုန်းရွာက
ဦးရန်ရှင်းရှောင်ဖြစ်ပါတယ်။ သူ့စိုက်ခင်းမှာ ထွန်းရင်နဲ့
သိန်းဇော်တို့နှစ်ယောက်က နေ့စားလုပ်တာ၊ ညအိပ်စောင့်တာကို သတင်းပေးတဲ့
လူရှိလို့ အခုလိုလာဖမ်းသွား တာပဲဖြစ်မျာပေါ့´´ ဟု ထန်းတပင်ရွာသားတစ်ဦးက
ပြောပြသည်။
အဆိုပါ တောင်ကြောတစ်ဝိုက်၌
ကိုင်းမွှေးစိုက်ပျိုးလုပ်ကိုင်သူ(၁၁)ဦးရှိပြီး ၂၀၀၈ ခုနှစ်မှစ၍
သစ်တောများအား အားနက်တွင် ရှင်းလင်းစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊
ကိုင်းမွှေးစိုက်ပျိုးလုပ်ကိုင်သူများမှာ မိုးညှင်းမြို့တွင် နေထိုင်
သောတရုတ်လူမျိုးများဖြစ်ပြီး KIA အဖွဲ့အား စိုက်ခင်းပိုင်ရှင်တစ်ဦးလျှင်
၁၀၀၀၀၀ ကျပ် ဆက်ကြေးပေးဆောင် ရသည့်အပြင် လိုအပ်သော ရိက္ခာများကို လည်း
ထောက်ပံ့ပေး ရကြောင်း ယင်းမြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
``ထွန်းရင်က(၂၆)နှစ်၊ သိန်းဇော်က(၁၉)နှစ်ပဲရှိသေးတော့ အရွယ်ကောင်းတွေဗျ၊
ဒီတော့ KIA က ဖမ်းသွားပြီ ဆိုတော့ လူသစ်လုပ်ခိုင်းမှာပါပဲ၊
တိန်ညှင်းသူစခန်းဘက်ကို ဖမ်းသွားတယ်လို့တော့ သတင်းရထားတယ်။ မိဘတွေကတော့
ယူကျုံးမရဖြစ်နေတာပေါ့ဗျာ၊ သူတို့ပြောသွားတဲ့အတိုင်း ရိက္ခာသယ်ဖို့
ခေါ်သွားတာမှန်ရင် ပြန်လာကြမှာပါ။ တစ်ရက်နှစ်ရက် စောင့်ကြည့်လို့မှ
ပြန်မလာဘူးဆိုရင် တရားဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့
ဆက်လက်ဆောင်ရွက်သွားမှာပါ´´ ဟု ယင်းရွာခံရပ် မိရပ်ဖတစ်ဦးက ပြောပြသွားသည်။
အဆိုပါ ကိုင်းမွှေးစိုက်ခင်းများ၏ အရှေ့ဘက်သို့ အောက်တိုဘာ ၁၅ ရက်နေ့တွင်
ကြိမ်ခုတ် သွားသော ဒေသ ခံ ထန်းတပင်ရွာသားများဆီမှ တစ်ဦးလျှင် ငွေ ၁၀၀၀၀
ကျပ်နှုန်း KIA အဖွဲ့တစ်ဖွဲ့မှ ဆက်ကြေးကောက်ခံခဲ့ ကြောင်း
ကိုယ်တွေ့ကြုံခဲ့ရသော ယင်းရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
ခွန်နော်
Kachin Daily

No comments:
Post a Comment